အိပ်မက်ဆိုတာဟာ ဆန်းကြယ်လှသလို အိပ်မက်နဲ့ပတ်သက်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုတွေ ယူဆချက်တွေကိုလည်း တစ်ကြိမ်တစ်ခါလောက်တော့ ကြားဖူးကြမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆိုရင် ဘာအိပ်မက်မက်ရင် ဘာဖြစ်တတ်တယ်တို့ ဘာဆိုရင် မကောင်းဘူးတို့ စသဖြင့် ရှေးအယူများစွာရှိပါတယ်။ ဒါ့အပြင် အိပ်မက်ထဲမှာ ကိုယ်တစ်ခါမှ မတွေ့ဘူးတဲ့သူ ၊တစ်ခါမှ မမြင်ဘူးတဲ့ သူကို အိပ်မက်ထဲမှာ ခဏခဏထည့်မက်နေတဲ့ အဖြစ်မျိုးကိုလည်း ကြုံဖူးကြမယ်ထင်ပါတယ်။

ဒီလိုအိပ်မက်မျိုးကို တစ်ခါတောင်မဟုတ်ဘူး ခဏခဏ မက်နေပြီ ထိုသူကလည်း သင့် အိပ်မက်ထဲမှာ ပေါ်လာတဲ့ အကြိမ်ပေါင်းများစွာရှိပြီ ဆိုရင် တော်တော်များများရဲ့ဟာ အိမ်မက်ထဲကသူဟာ ကိုယ့်ရဲ့ဖူးစာရှင်ဖြစ်နိုင်တယ်လို့ ယူဆတတ်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ တကယ်တော့ ဒါဟာ လုံးဝအမှန်မဟုတ်ပါဘူး။

လူတွေရဲ့ မှတ်ဉာဏ်နဲ့စိတ်ဟာ ဦးနှောက်ထဲက ကွန်ပျူတာလေးတစ်လုံးလိုပါဘဲ။ ကျွန်တော်တို့ အိပ်နေရင်တောင် ထိုစက်ကလေးက ဆက်ပြီး လှုပ်ရှားနေစမြဲပါ။ ထိုကဲ့သို့သော အိပ်မက်တွေ က သင့်ရဲ့ စိတ်ဖိအားများမှုတွေ၊ စိတ်ညစ်မှုတွေကို ကိုယ်စားပြုသလို ဒီလိုအိပ်မက်မျိုး ထပ်ခါ ထပ်ခါ မက်ခြင်းဟာ သင့်မှာရှိနေတဲ့ ဖြေရှင်းလို့ မရသေးတဲ့ ကိစ္စတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီအိမ်မက်တွေပျောက်ကွယ်သွားဖို့ ဆိုရင်တော့ ကိုယ်ရဲ့မဖြေရှင်းရသေးတဲ့ ကိစ္စတွေ စိတ်ဒုက္ခတွေကို ဖြေရှင်းဖို့လိုသလို အစားထိုးစရာကိစ္စတစ်ခုခုနဲ့လည်း အစားထိုးမေ့ပစ်လိုက်ဖို့ လိုပါတယ်။

သတင်း အရင်းအမြစ်៖ Mirror