အဆိုတော်အောင်လကတော့ အချစ်သီချင်းလေးတွေ၊အဆွေးသီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်နေရာယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ယခုမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိဖို့ကြိုးစားလျက်ရှိနေတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ အောင်လကတော့ အဆိုတော်ဝိုင်းစုခိုင်သိန်းနဲ့အတူ အေးချမ်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်ကြင်နာဂရုစိုက်လျက်ရှိနေပါတယ်။



အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးကတော့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အောင်လတို့စုံတွဲကတော့ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့နေ့ကတည်းက ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့စုံတွဲကတော့ ယခုမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ နာမည်ကြီးအဆိုတော်တွေများစွာနဲ့အတူ လူထုလှုပ်ရှားမှုမှာ မမောနိုင်မပန်းနိုင်ပါဝင်နေကြပါတယ်။



အောင်လကတော့ " မနေ့က ကျွန်တော်တို့ ဂီတသမားတွေ အပါအဝင် အခြား အနုပညာ မောင်နှမများနဲ့ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။အဆိုပါလူထုလှုပ်ရှားမှုမှာ အောင်ထက်၊ဝေလ၊ဇော်ဝင်းထွဋ်နဲ့ တစ်ခြားသောဂီတအနုပညာရှင်တွေပါဝင်ကြတာပဲဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသရင်း တက်တက်ကြွကြွပါဝင်နေကြတဲ့အောင်လနဲ့ဝိုင်းစုတို့စုံတွဲရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source: Aung La ( Reason ) ' s Facebook Page


