ဘယ်လိုပုံစံ နေနေ ဖြူစင်ရိုးသားတဲ့ ဟန်တွေ ပြနေ ကြောင်း ပေါ့ပေါ့ပါးပါး လေးဝတ်ကာ ချစ်ဖို့ကောင်းနေတဲ့ ပုံရိပ်လေးတွေကို ချပြလာတဲ့ ဖြူဖြူထွေး

//s9.kh1.co/a7/a7316d476609bcebbbc377c0d64bc2fdecf8410a.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

ဒီတစ်ခေါက်မှာ တော့ ဖြူစင်ရိုးသားတဲ့ စကားပြောဆိုဟန်တွေ နဲ့ ပရိသတ်တွေ ရဲ့ ရင်ထဲ ရောက်ရှိလာခဲ့တဲ့ ပရိသတ် အချစ်တော်ဖြူဖြူထွေး ပဲဖြစ်ပါတယ်။ ဖြူဖြူထွေး ဟာ အနုပညာ လမ်းပေါ် စစရောက်ခါစက ကျောင်းကကပွဲမှာ ကထားတဲ့ သူမရဲ့ ဗီဒီယိုလေး တစ်ပုဒ်ကြောင့် အားလုံးရဲ့ အပစ်တင်ရှုံ့ ချခြင်းကို ခံခဲ့ရပြီး စိတ်ဓာတ်တွေ ကျခဲ့ရသော်လည်း ဇွဲမလျော့ပဲ ကြိုးစားမှုတွေကြောင့် ယခုအချိန်မှာ ဝါရင့် သရုပ်ဆောင်တွေကတောင် ချီးကျူးရတဲ့ အနုပညာရှင် တစ်ဦး ဖြစ်လာခဲ့တာ ပဲဖြစ်ပါတယ်။ ရိုးသားကြိုးစားပြီး လူကြီး သူမတွေ အပေါ် သိတက်တာကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

Photo Crd - Phyu Phyu Htwe Facebook account

လတ်ရှိအချိန်မှာတော့ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးနေပြီး ပရိသတ်တွေ အားပေးထောက်ခံမှုကို အခိုင်အမာ ရရှိထားတာပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာများစွာကို လက်ခံရိုက်ကူးနေရကာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။ တခါတလေမှာလည်း ရသမျှ အနုပညာကြေးလေးတွေကို စုပြီး တချို့တဝက်ကို အလှူပြုကာ တင်တဲ့ ဗီဒီယိုလေးတွေကြောင့် အားလုံးက ပီတိတွေ ဖြစ်နေရတာ ပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ဖြူဖြူထွေးဟာ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေး ဝတ်ပြီး ရိုက်ထားတဲ့ ပုံလေးတွေကို ချပြလာတာ ပဲဖြစ်ပါတယ်။

Photo Crd - Phyu Phyu Htwe Facebook account
Photo Crd - Phyu Phyu Htwe Facebook account
Photo Crd - Phyu Phyu Htwe Facebook account
Photo Crd - Phyu Phyu Htwe Facebook account
Photo Crd - Phyu Phyu Htwe Facebook account
Photo Crd - Phyu Phyu Htwe Facebook account

မြင်နေကြပုံစံမဟုတ်ပဲ အဖြူရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ချစ်ဖို့ကောင်းနေတဲ့ ပုံလေးတွေနဲ့ အတူ “ယူတို့ ဆုံးမမှ လိမ္မာမဲ့ကောင်မလေး ပုံလေးတွေကို …”ဆိုတဲ့ ခေါင်းစဉ်လေးကို တပ်ကာ သူမရဲ့ လူမှုကွန်ယက်စာ မျက်နှာ ထက်မှာ ဖော်ပြလာတာ ပဲဖြစ်ပါတယ်။ ဒီ ပုံလေးတွေ ထဲမှာ ဖြူဖြူ ထွေးတစ်ယောက် ကလေးတစ်ယောက်လို ဟန်ဆောင်မှု ကင်းမဲ့တဲ့ အပြုံးတွေ နဲ့ မိမိုက်အထာကျနေတာပဲဖြစ်ပါတယ်။ ကဲ….ပရိသတ်ကြီး တို့အတွက် ဘယ်လိုနေနေ ဖြူစင်ရိုးသားတဲ့ ဟန်ပြနေတဲ့ ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်…..။

သတင်း အရင်းအမြစ် Phyu Phyu Htwe Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T