ပရိသတ်ကြီးရေ.....တစ်ခေတ်တခါတည်းက အောင်မြင်မှုတွေများစွာရရှိထားပြီး မင်းသမီးကြီးစိုးမြတ်သူဇာရဲ့ညီမတစ်ယောက်လည်းဖြစ်တဲ့ ဒါဒါလို့လည်းချစ်စနိုးနဲ့ခေါ်ကြတဲ့မင်းသမီးချော စိုးမြတ်နန္ဒာကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ အနုပညာလောကမှာနှစ်ပေါင်းများစွာရပ်တည်အောင်မြင်လာခဲ့တာဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားတာဖြစ်ပါတယ်.....။
စိုးမြတ်နန္ဒာဟာအခုလက်ရှိမှာဆိုရင်လည်း မ ညီအစ်မတွေစုပြီးဖွင့်လှစ်ထားတဲ့မင်းသမီးပိုးထည်တိုက်ကို ဦးစီးဦးဆောင်လုပ်ကိုင်နေတာဖြစ်သလို တစ်ဖက်မှာလည်းအနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။ အခုဆိုရင်လည်း စိုးမြတ်နန္ဒာဟာနေပြည်တော်မှာ ဇာတ်လမ်းတွဲရိုက်ကူးရေးအတွက်ရောက်ရှိနေတာဖြစ်ပြီး ပရိသတ်တွေအတွက်အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်နော်.....။
စိုးမြတ်နန္ဒာဟာ နေပြည်တော်မှာအနုပညာအလုပ်တွေလုပ်ကိုင်နေသလို ဘာသာရေးကိုင်းရှိုင်းတဲ့သူလည်းဖြစ်တာကြောင့် အားလပ်ချိန်လေးမှာလည်း ဘုရားသွားခဲ့တာဖြစ်ပြီး စိုးမြတ်နန္ဒာရဲ့မိခင်ဟာ သူမရဲ့ Facebookစာမျက်နှာလေးမှာ "သမီးငယ်...." ဆိုတဲ့ captionလေးနဲ့အတူ တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Soe Kyi Phyu's Facebook acc