လက်ရဲဇက်ရဲရှိတဲ့သူတွေနဲ့ပြည့်နေတဲ့ ကမ္ဘာ့အရက်စက်ဆုံး လူဆိုးဂိုဏ်း

//s9.kh1.co/5e/5e5ce9021047bc50a3e0a6d0ba8c0297cfc554df.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၅ နှစ် က

.

ဒီတစ်ခေါက်မှာဆိုရင်တော့ ပရိသတ်တွေကို ကမ္ဘာပေါ်မှာ ရှိတဲ့ နာမည်ကြီး လူဆိုးဂိုဏ်းတွေထဲမှာမှ အကြမ်းဆုံးလူဆိုးဂိုဏ်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဂိုဏ်းတစ်ခုအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီဂိုဏ်းဟာ အယ်လ်ဆာဗေဒိုးနိုင်ငံကို အခြေပြုပြီး တည်ထောင်ခဲ့တဲ့ ဂိုဏ်းဖြစ်ပြီး လက်ရဲ ဇက်ရဲ ရှိလှတဲ့ လူတွေနဲ့ချည်းသာ ဖွဲ့စည်းထားတဲ့ ဂိုဏ်းလည်း ဖြစ်ပါတယ်။

photo from google
photo from google
photo from google
photo from google

ကမ္ဘာ့အရက်စက်ဆုံး လူဆိုးဂိုဏ်းလို့နာမည်ကြီးတဲ့ ၎င်းဂိုဏ်းဟာ အယ်လ်ဆာဗေဒိုးနိုင်ငံ တွင်ရှိနေပီး သူတို့ရဲ့သြဇာဟာ အယ်လ်ဆာဗေဒိုး အစိုးရအဖွဲ့ထိ ရောက်ရှိနေကာ လူဆိုးဂိုဏ်းက အစိုးရ လုပ်ငန်းများကို ဆောင်ရွက်နေသဖြင့် အလွန်ကြောက်ဖွယ်အနေအထားဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေကလည်း ဒီလိုလူဆိုးဂိုဏ်းတွေနဲ့ တတ်နိုင်သမျှ မပတ်သက်မိအောင် ရှောင်နေရပါတယ်။ဒီလူဆိုးဂိုဏ်းကို လော့စ်အိန်ဂျယ်လ်လိစ်မြို့တွင် အယ်လ်ဆာဗေဒိုး နိုင်ငံ မှ ဝင်ရောက်လာသူများဖြင့် ဖွဲ့စည်းခဲ့တာဖြစ်ပြီး သစ္စာခံ အဖွဲ့ဝင် ၇၀၀၀၀ အထိရှိခဲ့ပါတယ်။

photo from google
photo from google
photo from google
photo from google

ဒီအထဲမှာမှ ဂိုဏ်းဝင် ၁၀၀၀၀ ခန့်ဟာ အမေရိကန်နိုင်ငံတွင် လှုပ်ရှားနေကြ ပြီး ဒီဂိုဏ်းရဲ့ ထင်ရှားတဲ့ နာမည်ကတော့ MS 13 လို့လည်း ခေါ်ကြပါတယ်။ အဆိုပါ ဂိုဏ်းဟာ အရာရာကို အလေးအနက်ထားကာ လုပ်ဆောင် လေ့ ရှိပုံကို သူတို့ လေ့ကျင့်သင်ကြားထားတဲ့ စစ်သင်တန်းတွေကို ကြည့်တာနဲ့ သိသာပါတယ်။ ဂိုဏ်းသားအများစုကတော့ တောခုတ်ဓားများနှင့် လက်ပစ်ဗုံးများကိုသုံးကာ တိုက်ခိုက်လေ့ရှိတာကြောင့် ၎င်းနိုင်ငံက ပြည်သူတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကပါ သူတို့နဲ့ မတိုးမိအောင် အထူးသတိထားပြီး သွားနေကြရပါတယ်။

photo from google
photo from google
photo from google
photo from google

သတင်း အရင်းအမြစ် မောင်သာရှေးဟောင်းသုတေသန

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T