ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ရယ်စရာဟာသလေးတွေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားသူလေးကတော့ အားလုံးကချစ်ရတဲ့ ဖြူဖြူထွေးပဲ ဖြစ်ပါတယ်နော်..။
နာမည်လေးနဲ့ လိုက်အောင်ဖြူစင်ပြီး ချစ်စရာကောင်းကာ စေတနာသဒ္ဓါတရားလည်း ထက်သန်တဲ့ ဖြူဖြူထွေးလေးဟာ မကြာခဏဆိုသလို ကြုံတဲ့နေရာတိုင်းမှာ လှူဒါန်းမှုတွေ ပြုလုပ်တတ်သလို ကြော်ငြာရိုက်ကူးပြီးတိုင်းမှာလည်း အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာရှင်တွေကိုလည်း ဂါဝရပြု ကန်တော့တတ်သူလေးလည်း ဖြစ်ပါတယ်နော်..။


အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ဆယ်လီတစ်ယောက်အဖြစ် ရပ်တည်လျှောက်လှမ်းနေတဲ့ သူမကတော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေကိုကာ ရိုက်ကူးထားပြီး အခုတစ်ခါမှာလည်း ကြောငြာရိုက်ကူးအပြီး လှူဒါန်းမှုတွေလပြုလုပ်ကုသိုလ်ယူခဲ့ပြန်ပါတယ်..။
မျက်စဉ်းဆေးကြော်ငြာလေး ရိုက်ကူးအပြီးမှာ အတူတွဲဖက်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကို အနုပညာကြေးအပြင် ဆန်၊ဆီ အခြားအသုံးအဆောင်ပစ္စည်းတွေနဲ့ ဂါဝရပြုကန်တော့ကာ ကြည်နူးပီတိဖြစ်ရတဲ့ အမှတ်တရလေးတွေကိုလည်း ဝေမျှထားပါသေးတယ်နော်..။


"New V.RoHto မျက်စဉ်းကြော်ငြာလေးရိုက်
အပြီးဖြူဖြူရဲ့ ပီတိလေး.." ဆိုပြီး ကြည်နူးစရာပုံရိပ်လေးတွေရဲ့ အမှတ်တရလေးတွေကို ဖြူဖြူထွေးက ပရိသတ်တွေကို ပြန်လည်ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။
အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း သူမရဲ့ပီတိဖြစ်စရာအလှူပုံရိပ်လေးတွေကို ကြည့်ရင်း အပျော်လေးတွေကူးစက်ကြည်နူးနေကာ သဘောကျကြပြီး ဆုတောင်းစကားလေးတွေလည်း အသီးသီးပြောထားကြတာ တွေ့ရပါတယ်နော်..။


သတင်း အရင်းအမြစ်៖ Phyu Phyu Htwe's Fb Acc