တကယ့်အပြင်လောကမှာ နတ်ဆိုးပြုစားတာခံခဲ့ရတဲ့ ဂျာမန်က မိန်းကလေး

//s9.kh1.co/b4/b40c5e6860de9f34f5ad8667e07325b74a08f658.png
ဗဟုသုတအဖြာဖြာ

 ၂၉-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၅ နှစ် က

.

ဂျာမန်လူမျိုး မိန်းကလေးတွေထဲမှာတော့ နတ်ဆိုးတစ်ကောင်ရဲ့ထိန်းချုပ်မှုကိုခံခဲ့ရတယ်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မိန်းကလေးတစ်ရှိပါတယ်။သူမရဲ့နာမည်ကတော့ Anneliese Michel ဖြစ်ပြီး သူမအထက်တန်းကျောင်းတက်ချိန် 1968 ခုနှစ်လောက်က ပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုးကို ခံစားခဲ့ရပါတယ်။သူမခံစားခဲ့ရတာကတော့ ဝက်ရူးပြန်တဲ့ရောဂါပုံစံမျိုးနဲ့ ဆင်တူပေမယ့် တကယ်တော့ မကောင်းဆိုးဝါးဝင်ပူးသလို ရုန်းရင်းဆန်ခက်ဖြစ်နေခဲ့တာပါ၊

photo from google
photo from google
photo from google
photo from google

သူမဟာ နှစ်အတော်ကြာအောင် နတ်ဆိုးကထိန်းချုပ်ထားသလို ဖြစ်နေတဲ့ ဝေဒနာကိုခံစားခဲ့ရပြီး ၁၉၇၃ ခုနှစ်မှာ စိတ်ကျရောဂါကြောင့် သေကြောင်းကြံဖို့အထိပါ ကြိုးစားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ရစ်ယာန်ဘုန်းတော်ကြီးနှစ်ပါးက သူ့ကိုယ်ပေါ်ကမကောင်းဆိုးဝါးနှင်ခြင်းကိုဆောင်ရွက်ပေးခဲ့ပါတယ်။ အဲ့လိုမကောင်းဆိုးဝါးနှင်တာကလည်း ခနလေးနဲ့မပြီးဆုံးခဲ့ဘဲ (၁၀)လကြာအချိန်ယူဆောင်ရွက်ခဲ့ရတာပါ။

photo from google
photo from google
photo from google
photo from google

Anneliese ဟာ ပူးကပ်ခံရပြီး ၇နှစ်အကြာ၁၉၇၅မှာနတ်ဆိုးပြုစားမှုကိုဖြေရှင်းနိုင်ခဲ့ပေမယ့် ၁၉၇၆မှာတော့ကွယ်လွန်ခဲ့ပါတယ်။သူမသေဆုံးသွားတဲ့ အချိန်မှာတော့ အသက် ၂၃ နှစ်သာရှိသေးပြီး သူမရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူးမှုတွေပါ ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်မှန်ကို ၂၀၀၅ခုနှစ်က ထွက်ရှိတဲ့ The Exorcism Of Emily Rose (2005) မှာကြည့်ရှုလို့ရပါတယ်။

ဒီဇာတ်ကားကိုတော့ အမေရိကန် ဒါရိုက်တာ Scott Derrickson ရိုက်ကူးခဲ့တာဖြစ်ပြီး ဇာတ်ကားကိုရိုက်ကူးရာမှာ အမေရိကန်ဒေါ်လာ ၁၉.၃ သန်းပဲကုန်ကျခဲ့ပါတယ်။ဒါပေမယ့်ပြန်ရတဲ့အကျိုးအမြတ်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁၄၄.၂ သန်းရှိခဲ့ပြီး အဲ့အချိန်က မထင်မှတ်ထားလောက်အောင် အမြတ်ငွေ ရရှိခဲ့တာပဲဖြစ်ပါတယ်။တကယ့်အပြင်လောကက Anneliese ကတော့ သူတွေ့ကြုံခံစားခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးရဲ့ အရိပ်မဲကနေ သေခြင်းတရားနဲ့ လွတ်မြောက်သွားခဲ့သလိုပါပဲ။

photo from google
photo from google
photo from google
photo from google
photo from google
photo from google

သတင်း အရင်းအမြစ် Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T