ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းမှာ ထိမ်းမြားလက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး မတူညီတဲ့ ထုံးတမ်းဓလေ့တွေရှိကြပါတယ်။ သို့သော်လည်း တချို့နေရာတွေမှာတော့ မင်္ဂလာဆောင်နဲ့ ပက်သက်ပြီး အလွန်ထူးဆန်းတဲ့ မင်္ဂလာဆောင် ဓလေ့တွေရှိကြပါတယ်။ ဒီလို ထူးဆန်းတဲ့ ဓလေ့တွေများစွာထဲမှာမှ တရုတ်နိုင်ငံက ရှေးဟောင်း တူဂျီယာ (Tujia) လူမျိုးတွေရဲ့ မင်္ဂလာဆောင် ဓလေ့အကြောင်းလေးကို ဖော်ပြပေးချင်ပါတယ်။


တရုတ်နိုင်ငံက တူဂျီယာ လူမျိုးတွေဟာ မင်္ဂလာဆောင်မဲ့ နေ့မတိုင်ခင် ရက် ၃၀ လုံးလုံး ငိုကြွေးလေ့ရှိကြပါတယ်။ သတို့သမီးဖြစ်သူဟာ သူမ မင်္ဂလာမဆောင်ခင် တစ်လလောက်အလိုထဲက တစ်ရက်ကို တစ်နာရီလောက်ငိုရပါတယ်။ အဲ့ဒီနောက် ဆယ်ရက်လောက်ကြာတဲ့အခါမှာ သူမရဲ့အမေဖြစ်သူကလည်း ပါဝင်ငိုကြွေးပြီး နောက် ၁၀ ရက်လောက်ကြာတဲ့အခါမှာတော့ အဘွားဖြစ်သူကပါ လိုက်ပါငိုကြွေးကြပါတယ်။


သတို့သမီးရဲ့ မိသားစုဝင် အမျိုးသမီးတွေအားလုံးဟာ တစ်နေ့ကို တစ်နာရီ ပုံမှန်ငိုကြရပါတယ်။ သူတို့ ဒီလိုငိုရတာဟာ ပျော်ရွှင်မှုနဲ့ ချစ်ခင်မြတ်နိုးမှုကို ထုတ်ဖော်ပြတာဖြစ်တယ်လို့ ယူဆထားတာကြောင့်ပဲ ဖြစ်ပါတယ်။သူတို့ရဲ့ ဒီရိုးရာ မင်္ဂလာဆောင် ဓလေ့ဟာအခြားသူတွေအတွက်တော့ ထူးထူးဆန်းဆန်းကြီးဖြစ်နေပြီး ရက် ၃၀ လောက်ငိုပြီးတဲ့အပြင် မင်္ဂလာဆောင်တဲ့နေရာမှာလည်း အကုန်လုံးငိုကြတဲ့ ဓလေ့က တကယ့်ကို အဆန်းကြီးပါပဲ။



သတင်း အရင်းအမြစ်៖ reckontalk





