ဆံပင်ဆိုတာဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့တင်စားကြပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ကေ ကိုထားတတ်ဖို့လိုပါတယ်။အကယ်၍သင်ဟာ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံကိုမထားဘဲ သူများတွေညှပ်တဲ့ဆံပင်ပုံစံအတိုင်း လိုက်ထားမယ်ဆိုရင်တော့ ဒါဟာသင့်ကို ကြည့်ကောင်းစေမှာမဟုတ်ပါဘူး။သို့ပေမယ့် သူများထက်ထူးပြီး ရယ်စရာဆံပင်တွေကို တမင်တကာထားကြသူတွေကလည်း ရှိနေတတ်ပါတယ်။
ဒါ့ကြေင့် ပရိသတ်တွေကို ဒီတစ်ခေါက်မှာဆိုရင်လည်း ထူးထူးဆန်းဆန်း အတွေးအမြင်ရှိသူတွေထားကြတဲ့ ရယ်စရာ hair style လေးတွေကိုဖော်ပြပေးချင်ပါတယ်။သူတို့ထားကြတဲ့ ဒီဆံပင်ကေတွေဟာ အခြားသူတွေလိုက်ထားဖို့အတွက် တော်တော်လေးခက်လှပြီး ဒီပုံထားဖို့ဆိုရင်လည်း ဟာသဉာဏ်ရွှင်ပြီး တော်တော်လေးပျော်ပျော်နေတတ်တဲ့သူ ဖြစ်မှပဲရမှာပါ။
တစ်ချို့သော ဆံပင်စတိုင်တွေကတော့ရယ်ရတယ်ဆိုတာထက် ညှပ်ပေးတဲ့ ဆံပင်ညှပ်ဆရာကို ချီးကျူးရလောက်အောင်ကို လက်ရာမြောက်နေတာကိုလည်း တွေ့ရပါတယ်။ဒါပေမယ့် များသောအားဖြင့် ယခုမြင်တွေ့နေရတဲ့ဆံပင်စတိုင်တွေကတော့ တကယ့်ကို ရယ်ချင်စရာပါပဲ။ ဒီလိုဆံပင်ကေမျိုးသာ ညှပ်ပြီး အပြင်ထွက် လျှောက်လည်လိုက်ရင်တော့ ဘယ်လိုနေမလဲမသိဘူးနော် ပရိသတ်ကြီး။
သတင်း အရင်းအမြစ်៖ Brightside