ပင်လယ်ရေအောက်က နဂါးပြာများ

//s9.kh1.co/c9/c9ade1e691dce49e10ad33fd19a89bc190528f66.jpg
MPT

 ၃၀-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ ရက် က

ပင်လယ်ရေအောက်ကနဂါးပြာသက်ရှိလေးများ

ပင်လယ်ကြီးရဲ့ ပဥ္စလက်ဆန်တဲ့ဖန်တီးမှုတွေမှာ ဒီတောက်ပနေတဲ့ အကောင်ငယ်လေးတွေက ထိပ်ဆုံးကပါဝင်ပါတယ်။ သိပ္ပံနာမည်နဲ့ Glaucus Atlandticusလို့ခေါ်တဲ့ ခရုကမာအနွယ်ဝင် ဒီကောင်လေးတွေဟာ ကွန်ပျူတာနဲ့ဖန်တီးထားသလို အရောင်ရော ပုံစံပါလှပပါတယ်။  ရှားပါးတဲ့အပြာရောင်သတ္တဝါလေးတွေဖြစ်ပြီးတော့ အချွန်အတက်တွေရှိတာကြောင့်နဂါးငယ်လေးအဖြစ်လည်းခေါ််ဝေါ််ကြပါတယ်။

https://s9.kh1.co/__image/w=563,h=441,q=100/04/04a1603998b19b16ee09fceccaf8e85229fdf423.jpg

ဒီအကောင်လေးတွေဟာ ပျမ်းမျှအားဖြင့် ၃စင်တီမီတာလောက်ရှည်ပြီး တစ်လက်မလောက်ပဲ ရှိပါတယ်။ သူတို့ဟာတခြားမျိူးနွယ်တူ ခရုအနွယ်ဝင်အကောင်လေးတွေကို စားသုံးကြပြီး ပစိဖိတ်၊ အာတ္တလန်တိတ် နှင့် အိန္ဒိယသမုဒ္ဒရာတွေမှာ အနေများကြပါတယ်။ သမုဒ္ဒရာရေနက်ပိုင်းမှာအဓိကနေထိုင်ကြတာကြောင့်အမှတ်တမဲ့တွေ့ရဖို့ခက်ခဲတတ်ပါတယ်။

https://s9.kh1.co/__image/w=563,h=695,q=100/2e/2e886eb56a1d8af8bbe043dfe76271fbfb6f8058.jpg

အရွယ်အစားအားဖြင့် လက်တစ်ဖဝါးစာလောက်ပဲရှိပေမဲ့ အစွယ်နှင့်လို့ပြောလို့ရတဲ့ ဒီကောင်လေးတွေဟာ သူတို့ရဲ့သေးငယ်တဲ့ကိုယ်တွင်းမှာ လူကိုအော့အန် မူးဝေ ဖျားနာစေနိုင်တဲ့အဆိပ်တွေ သိုလှောင်ထားတာမလို့ အလွယ်တကူသွားထိလို့ ရတဲ့အကောင်လေးတွေမဟုတ်ပါဘူး။ ဒါကြောင့် အရောင်လှပေမဲ့အလျင်စလိုသွားထိဖို့မသင့်တော်တဲ့အကောင်လေးတွေဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T