လူမျိုးစုပေါင်းများပြားစွာရှိနေတဲ့ မြန်မာနိုင်ငံရဲ့ချင်းတိုင်းရင်းသားလူမျိုးစုတွေမှာ မွင်းလူမျိုးတွေဟာ တောင်ပိုင်းလူမျိုးစုတွေကြားမှာလူဦးရေများတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပတ်ဝန်းကျင်မှာနေထိုင်ကြပြီးတော့ ကျန်တဲ့တောင်ပိုင်းမြို့တွေမှာပါ အနည်းအကျဥ်းနေထိုင်ကြပါတယ်။

ဒါပေမဲ့ မင်းတပ်မြို့မှာတော့ မွင်းလူမျိုးတွေများတာကြောင့် သူတို့ရဲ့ဝတ်စုံနှင့်စကားဟာ မြို့တွင်းမှာအဓိကအသုံးပြုတဲ့ဘာသာစကားလိုမျိုးဖြစ်နေတာဖြစ်ပါတယ်။ မွင်းတွေဟာ တောင်ပိုင်းဒေသကတစ်ခြားလူမျိုးတွေနှင့်စာရင် စာပေနှင့်ယဥ်ကျေးမှုတွေအရင်ဆုံးချမှတ်နိုင်ခဲ့ကြတဲ့မျိုးနွယ်စုဖြစ်ပါတယ်။

မွင်းတွေဟာ သူတို့ရဲ့ရိုးရာဝတ်စုံနှင့်တစ်ခြားရိုးရာဓလေ့တွေကိုအထူးတလည်ထိန်းသိမ်းကြပြီးတော့ ခိုင်မာတဲ့ရပ်တည်ချက်တွေရှိနေတဲ့မျိုးနွယ်စုဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးနဲ့ယှဥ်ရင် လူမျိုးစုသေးသေးလေးဖြစ်ပေမဲ့ ချင်းပြည်နယ်အတွင်းမှာတော့ အင်အားကောင်းတဲ့မျိုးနွယ်စုတစ်စုအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။




