မြန်မာနိုင်ငံရဲ့ လူသိနည်းနေသေးတဲ့တိုင်းရင်းသားမျိုးနွယ်စု မွင်းလူမျိုးများ

//s9.kh1.co/31/310f78b2c0441547ba965b8ee5f511345603eab3.jpg
MPT

 ၃၀-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ ရက် က

မြန်မာနိုင်ငံရဲ့ လူသိနည်းနေသေးတဲ့တိုင်းရင်းသားမျိုးနွယ်စု မွင်းလူမျိုးများ

လူမျိုးစုပေါင်းများပြားစွာရှိနေတဲ့ မြန်မာနိုင်ငံရဲ့ချင်းတိုင်းရင်းသားလူမျိုးစုတွေမှာ မွင်းလူမျိုးတွေဟာ တောင်ပိုင်းလူမျိုးစုတွေကြားမှာလူဦးရေများတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပတ်ဝန်းကျင်မှာနေထိုင်ကြပြီးတော့ ကျန်တဲ့တောင်ပိုင်း‌မြို့တွေမှာပါ ‌အနည်းအကျဥ်းနေထိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=563,h=699,q=100/1c/1c7070fcccfaef74a1803949dd13b2bd3c98bd8d.png

ဒါပေမဲ့ မင်းတပ်မြို့မှာတော့ မွင်းလူမျိုးတွေများတာကြောင့် သူတို့ရဲ့ဝတ်စုံနှင့်စကားဟာ မြို့တွင်းမှာအဓိကအသုံးပြုတဲ့ဘာသာစကားလိုမျိုးဖြစ်နေတာဖြစ်ပါတယ်။ မွင်းတွေဟာ တောင်ပိုင်‌းဒေသကတစ်ခြားလူမျိုး‌တွေနှင့်စာရင် စာပေနှင့်ယဥ်ကျေးမှုတွေအရင်ဆုံးချမှတ်နိုင်ခဲ့ကြတဲ့မျိုးနွယ်စုဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=763,q=100/31/31d4276f189d5817b0d52eb86a0767b07fbc35b8.png

မွင်းတွေဟာ သူတို့ရဲ့ရိုးရာဝတ်စုံနှင့်တစ်ခြားရိုးရာဓလေ့တွေကိုအထူးတလည်ထိန်းသိမ်းကြပြီးတော့ ခိုင်မာတဲ့ရပ်တည်ချက်တွေရှိနေတဲ့မျိုးနွယ်စုဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးနဲ့ယှဥ်ရင် လူမျိုးစုသေးသေးလေးဖြစ်ပေမဲ့ ချင်းပြည်နယ်အတွင်းမှာတော့ အင်အားကောင်းတဲ့မျိုးနွယ်စုတစ်စုအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T