ကန္တာရစပျစ်သီးလို့တင်စားကြတဲ့ ချုံခရမ်းချဥ်အသီး

//s9.kh1.co/75/752db06a1c67ff59c1998c235eb023b26616296c.jpg
MPT

 ၃၀-ဇွန်-၂၀၂၄ ၉am · လွန်ခဲ့သော ၄ ရက် က

ကန္တာရစပျစ်သီးလို့တင်စားကြတဲ့ ချုံခရမ်းချဥ်အသီး

ဩစတေးလျတိုက်ဇာတိဖြစ်တဲ့ ချုံခရမ်းချဥ်အပင်တွေဟာ  မိုးနည်းဒေသတွေမှာပေါက်တတ်တဲချုံပင်ငယ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီချုံခရမ်းချဥ်သီးတွေကို ရှေးခေတ်ကတည်းက အခုချိန်ထိရိုးရာဟင်းတွေမှာထည့်သွင်းအသုံးပြုနေကြဆဲဖြစ်ပါတယ်။ ဒီခရမ်းချဥ်တွေရဲ့အရသာဟာ စပျစ်သီးခြောက်တွေရဲ့အရသာနှင့် တူသလိုဖြစ်နေပေမဲ့ ပိုအရည်ရွှမ်းပြီးဟင်းတွေကိုအရသာလေးပင်အောင်ကူညီပေးပါတယ်။ 

https://s9.kh1.co/__image/w=563,h=290,q=100/18/186c75e9c35ee81070385c6c2046d79578801ca2.png

ကျန်းမာရေးအတွက်အရေးပါတဲ့ အဲန်တီအောက်ဆီးဒိုက်ဓာတ်တွေပါဝင်တာကြောင့် ရိုးရာဟင်းပွဲတွေမှာပေါပေါများများအသုံးပြုကြပါတယ်။ အသီးသက်သက်ပဲအရသာရှိသလို အာဟာရလည်းပေါပေါများများပါဝင်ပါတယ်။ အရသာကောင်းမွန်မှုကြောင့် အခုနောက်ပိုင်းမှာဒီအသီးဟာလူသိများလာပြီးတော့ ဈေးကွက်ပေါ်မှာပိုပြီးရေပန်းစားလာပါတယ်။ ဒါပေမဲ့ ချုံခရမ်းချဥ်သီးတွေကို ခူးဖို့ဆိုရင်အသီးပုံစံမပျက်အောင်သေချာဂရုစိုက်နိုင်မှ အရသာအပြည့်ရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=550,h=413,q=100/46/46981b156062c96087a58b9ee2943322ffdf74eb.png

အသီးဟာရက်ရှည်ခံတာကြောင့်လည်း အစားအစာချစ်သူတွေကြားမှာကပိုပြီးနာမည်ကြီးတာဖြစ်ပါတယ်။ ကြာရှည်သိမ်းထားရင်တောင် အသီးအရသာမပျက်တဲ့အပြင် အရသာကိုထိန်းနိုင်ပါတယ်။ ရိုးရာဟင်းပွဲတွေမှာ အသုံးပြုကြပြီးတော့ စပျစ်သီးခြောက်တွေနှင့်အရသာတူတာကြောင့် ကန္တာရစပျစ်သီးကြောင့်လို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T