ရေခဲပြင်တွေရဲ့အမှတ်အသားဖြစ်တဲ့ ပိုလာဝက်ဝံလေးများ

//s9.kh1.co/93/930b8f5338b846c4fbe95b77ed4adfcd61ad5742.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇွန်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ နှစ် က

ရေခဲပြင်တွေရဲ့အမှတ်အသားဖြစ်တဲ့ ပိုလာဝက်ဝံလေးများ

ဖြူဖွေးတဲ့ရေခဲပြင်တွေပေါ်မှာ နေထိုင်ကျက်စားကြတဲ့ပိုလာဝက်ဝံတွေဟာအဖြူရောင်ရှိတဲ့အမွှေးအမျှင်တွေကြောင့်နာမည်ကြီးပါတယ်။ ပိုလာဝက်ဝံတွေဟာ အမှန်တော့ကုန်းသတ္တဝါအုပ်စုမှာပါဝင်ပေမဲ့ ပင်လယ်ပြင်အနားမှာပဲနေထိုင်လေ့ရှိကြတာပါ။ ဖျံတွေကိုအဓိအစားအစာအနေနှင့်စားသုံးကြပြီးတော့ ရေအောက်နှင့်ရေခဲပြင်အောက် တစ်မီတာလောက်အထိရေငုပ်ပြီးသားကောင်ဖမ်းနိုင်စွမ်းရှိကြပါတယ်။

https://s9.kh1.co/__image/w=500,h=600,q=100/9c/9c6cb2f2ef34ac24bc9ed18c75effded9e9f157d.jpg

ပိုလာတွေဟာတစ်ကောင်တည်းနေတတ်ပြီး တစ်ကောင်တည်းပဲအမဲလိုက်တတ်ပေမဲ့အဖွဲ့နှင့်လည်းနေတတ်တဲ့မျိုးစိတ်ဖြစ်ပါတယ်။ သူတို့ဟာ အေးခဲနေတဲ့ပင်လယ်ပြင်မှာနာရီပေါင်းများစွာကြာအောင်ကူးခတ်နိုင်စွမ်းရှိကြပါတယ်။ ထူထဲတဲ့အမွှေးတွေနှင့် ခန္ဓာကိုယ်ရဲ့အဆီပြင်တစ်လွှာကသူတို့ကိုအေးခဲမှုခံနိုင်ရည်ရှိအောင်လုပ်ပေးပါတယ်။

https://s9.kh1.co/__image/w=564,h=452,q=100/00/0090db99268c597073bf7ebaf966713b359ee693.jpg

ပိုလာဝက်ဝံတွေဟာ မျိုးသုဥ်းဖို့စိုးရိမ်ရလောက်တဲ့အထိအကောင်ရေနည်းပါးတာမျိုးမရှိပါဘူး။ လူသူအရောက်အပေါက်နည်းတဲ့ဒေသမှာနေထိုင်တဲ့အတွက် လူသားတွေရဲ့အန္တာရာယ်ကိုစိတ်ပူစရာမလိုပေမဲ့ သဘာဝတရားကြီးဟန်ချက်မညီမှုကိုလည်းအများဆုံးခံစားရတဲ့သူတွေဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲပြင်တွေအရည်ပျော်လာပြီးကျက်စားရာနေရာတွေရှားပါးလာတာကြောင့် ပိုလာဝက်ဝံတွေဟာလည်း ဂရုတစိုက်ထိန်းသိမ်းပေးရမယ့်အကောင်လေးတွေပဲဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T