မြန်မာ့ရိုးရာကစားနည်းများ

//s9.kh1.co/b5/b5ee3489261855e43bac15fc19cc42088871fd2c.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်နှစ် က

မြန်မာ့ရိုးရာကစားနည်းများ

မြန်မာလူမျိုးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင်ကစားနည်းတွေကိုတီထွင်ဖန်တီးခဲ့ကြတဲ့လူမျိုးတွေဖြစ်ပါတယ်။ ပစ္စည်းကိရိယာတွေမလိုအပ်ဘဲ အချင်းချင်းဆက်ဆံရေးတိုးတက်လာစေမယ့်ကစားနည်းတွေအပြင် ဉာဏ်သုံးရတဲ့ကစားနည်းတွေ စည်းလုံးမှုတွေတိုးတက်စေတဲ့ကစားနည်းတွေစတဲ့ အကျိုးကျေးဇူးရှိတဲ့ ကစားနည်းတွေအများကြီးကိုကစားခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/72/7257745af8f39588b02ba748a7de569d34b48b11.jpg

ခြင်းလုံးလိုမျိုးအဖွဲ့လိုက်ကစားနည်းတွေဟာ အဖွဲ့ရဲ့စည်းလုံးမှုကိုပိုတိုးတက်လာစေတဲ့ကစားနည်းဖြစ်ပါတယ်။ ဒါ့အပြင် ထုပ်စည်းတိုးလိုမျိုးကစားနည်းဟာလည်း လျင်မြန်ဖျတ်လတ်မှု အကွက်မြင်တတ်မှုတွေကိုလေ့ကျင့်ပေးတဲ့ကစားနည်းတွေပါ။ ကြက်မခွက်တမ်း ဖန်ခုန်တမ်းစတဲ့ကစားနည်းတွေဟာလည်း ကလေးတွေကိုကျန်းမာသွက်လက်စေပြီးတော့ အချင်းချင်းပိုရင်းနှီးလာစေတဲ့ကစားနည်းတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/dc/dc73148b49f048eddf3853c4a581c76402ec0308.jpg

တစ်ဦးချင်းကစားနည်းတွေမှာ ချောတိုင်တက်ပွဲ  ဒိုးပစ်ခြင်း ဇယ်တောက်ခြင်းကစားနည်းတွေဟာ ကလေးငယ်လေးတွေကို ဉာဏ်ပိုင်းဆိုင်ရာမှာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါသန်မာလာအောင်ကူညီပေးနိုင်တဲ့ကစားနည်းတွေဖြစ်ပါတယ်။ မြန်မာ့ရိုးရာကစားနည်းတွေဟာ ကလေးတွေအတွက်ကစားရုံသက်သက်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာသန်စွမ်းနေအောင်လေ့ကျင့်ပေးနိုင်တဲ့ရိုးရာကစားနည်းတွေပဲဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T