မြန်မာနိုင်ငံဟာအရှေ့တောင်အာရှမှာတည်ရှိနေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနှင့်ဆင်တူတဲ့ဓလေ့တွေရှိကြပါတယ်။ ဒါပေမဲ့ ဒီလိုတူညီတဲ့ဓလေ့တွေမဟုတ်ဘဲ မြန်မာမှာပဲတွေ့နိုင်တဲ့အရာတွေလည်းရှိပါသေးတယ်။ မြန်မာ့သနပ်ခါးဟာ ဘယ်နိုင်ငံမှာမှမရှိတဲ့အရာဖြစ်ပါတယ်။ အိမ်နီးချင်းဖြစ်ပြီးအနီးကပ်ဆုံးဖြစ်တဲ့ထိုင်းနိုင်ငံမှာတောင်မှ မရှိပါဘူး။ဒါ့အပြင် မြန်မာစားသောက်ဆိုင်တွေအများစုမှာဆိုရင် စားပွဲထိုးနှင့်ဝန်ဆောင်မှုပေးတဲ့သူတွေဟာ စုတ်သပ်ပြီးခေါ်ကြတာမျိုးရှိပါတယ်။ ဒီလိုခေါ်ခြင်းဟာတစ်ခြားနိုင်ငံတွေမှာဆိုရင် ဘယ်တော့မှမတွေ့နိုင်ပေမဲ့ မြန်မာနိုင်ငံမှာကတော့ ဆိုင်တိုင်းနီးပါးမှာတွေ့မြင်ရနိုင်ပါတယ်။

မြန်မာအမျိုးသားသက်လတ်ပိုင်းအများစုဟာ ပုဆိုးလို့ခေါ်တဲ့အရာကိုဝတ်ဆင်ကြပါတယ်။ ဒီပုဆိုးဝတ်ခြင်းဟာနေ့စဥ်ဘဝမှာဝတ်လေ့ရှိပြီးတော့ ရိုးရာဝတ်စုံတစ်ခုလိုမျိုးဖြစ်နေတာဖြစ်ပါတယ်။ မြန်မာလူမျိုးအများစုဟာ ထမင်းဟင်းစားရင်တကူးတကဇွန်းသုံးကြလေ့မရှိပါဘူး။ အများစုဟာညာဖက်လက်နှင့်ပဲ ထမင်းစားတတ်ကြပါတယ်။ လက်အိတ်တွေဘာတွေအသုံးပြုတာမျိုးမဟုတ်ဘဲ တိုက်ရိုက်စားကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့လမ်းမကြီးတွေတော်တော်များများမှာ စားသောက်ဆိုင်အသေးလေးတွေအပြင် စားပွဲခင်းပြီးရောင်းချကြတဲ့ဆိုင်အမျိုးမျိုးကိုတွေ့နိုင်ပါတယ်။ ဒီဆိုင်တွေဟာတရားဝင်ခွင့်ပြုထားတာမဟုတ်ပေမဲ့ အမြဲရှိနေတတ်တဲ့ဆိုင်တွေဖြစ်ပါတယ်။ နောက်ဆုံးအနေနှင့် မြန်မာလူမျိုးတွေမှာပဲတွေ့ရတဲ့ဓလေ့တစ်ခုကတော့ ကွမ်းစားခြင်းဖြစ်ပါတယ်။ အနီရောင်အရည်တွေထွက်လာတဲ့ကွမ်းကိုဝါးခြင်းဟာ မြန်မာမှာပဲတွေ့ရတဲ့ဓလေ့တစ်ခုဖြစ်ပါတယ်။