သစ်ရွက်နှင့်ခွဲမရအောင်တူနေတဲ့ လိပ်ပြာမျိုးစိတ်တစ်မျိုး

//s9.kh1.co/13/1376e2e1eaebf3e7a9f53c795ba2aa7e91186134.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ လ က

သစ်ရွက်နှင့်ခွဲမရအောင်တူနေတဲ့ လိပ်ပြာမျိုးစိတ်တစ်မျိုး

လိပ်ပြာမျိုးစိတ်တွေဟာ အရောင်စုံရှိတတ်ကြပေမဲ့ အစိမ်းရောင်လိပ်ပြာတွေကတော့ ရှားပါးတယ်လို့ယူဆနိုင်တဲ့မျိုးစိတ်ဖြစ်ပါတယ်။ gonepteryx rhamni လို့ခေါ်တဲ့ ဒီလိပ်ပြာမျိုးစိတ်ဟာ တစ်ကိုယ်လုံးအစိမ်းရောင်ဖြစ်နေပြီးတော့ သစ်ရွက်နှင့်တူညီလွန်းတာကြောင့် နာမည်ကြီးတဲ့မျိုးစိတ်ဖြစ်ပါတယ်။ ဒီလိပ်ပြာမျိုးစိတ်ဟာ အာရှ ဥရောပနှင့် မြောက်အာဖရိကဒေသတွေမှာတွေ့ရလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=648,q=100/27/27956b08cedc1db5b30e299bb5049a81928b89fb.jpg

အစိမ်းရောင်ဖြစ်နေတာကြောင့်ကန့်ကျောက်လိပ်ပြာဆိုပြီး ခေါ်တွင်ကြတာမျိုးလည်းရှိပါတယ်။ သူတို့ဟာ Buckthorn လို့ခေါ်တဲ့အပင်ကိုပဲအဓိကစားသုံးကြတာဖြစ်ပြီး အပင်တွေဟာစိုစွတ်တဲ့နေရာမှာပဲရှင်သန်ကြတာပါ။ ဒါကြောင့်မလို့ ဆောင်းရာသီလိုမျိုးအချိန်အပင်တွေအရွက်မရှိချိန်မှာဆိုရင် ကန့်ကျောက်လိပ်ပြာတွေဟာနွေးထွေးတဲ့နေရာတွေမှာ ဆောင်းခိုပြီး အရွက်ပြန်ထွက်ချိန်လောက်မှ နေရာကိုပြန်လာတတ်ကြပါတယ်။

https://s9.kh1.co/__image/w=375,h=500,q=100/76/76d6b436c3135d3e49196452a39b0a6b83ca13dd.jpg

Buckthorn အပင်တွေရှိတဲ့နေရာမှာပဲ ဥတွေဥတာ အကောင်ပေါက်တာတွေကိုလုပ်ဆောင်တတ်ကြပါတယ်။ အမှန်တော့ကန့်ကျောက်လိပ်ပြာတွေဟာလုံးဝအစိမ်းရောင်ဖြစ်တာမျိုးမဟုတ်ဘဲ အထီးနှင့်အမမတူညီတာတွေရှိပါတယ်။ အထီးတွေဟာ တောင်ပံမှာအဝါရောင်သန်းတဲ့အစိမ်းရောင်လိုမျိုးရှိပြီးတော့ အမတွေကတော့ အဖြူရောင်ရောထားတဲ့အစိမ်းရောင်တောင်ပံတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T