အရာရာတိုင်းမှာ နှေးကွေးကြတဲ့အကောင်လေးတွေအကြောင်း

//s9.kh1.co/1a/1a789992ef0ac68cc9139605182eb77c04e4b087.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ လ က

အရာရာတိုင်းမှာ နှေးကွေးကြတဲ့အကောင်လေးတွေအကြောင်း

စလော့လို့ ခေါ်ကြတဲ့ဒီချစ်စရာအကောင်လေးတွေဟာ တိရိစ္ဆာန်လောကမှာအတော်လေးနှေးကွေးကြတဲ့သူတွေအဖြစ်လူသိများပါတယ်။ သစ်ပင်ပေါ်မှာပဲ အမြဲရှိနေတတ်ကြတဲ့ဒီစလော့လေးတွေဟာ လှုပ်ရှားသွားလာရာမှာ နှေးကွေးကြရုံတင်မကဘဲ အရာရာတိုင်းမှာနှေးကွေးကြပါတယ်။ သစ်ရွက်တွေနှင့် သစ်ပင်အခေါက်တွေကိုပဲအဓိကစားကြတာကြောင့် စလော့တွေရဲ့အစာချေဖျက်နှုန်းကလည်းတော်တော်လေးကိုနှေးကွေးကြပါတယ်။ အစာတစ်ခါစားပြီးရင် ရက်အတော်ကြာ ဒါမှမဟုတ် ရက်သတ္တပတ်အကြာအထိအစာကိုချေဖျက်ရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=704,q=100/03/030e0ab2ab848a231f0b7706940dd4fce3c582a6.jpg

ဒါကြောင့် စလော့တွေဟာ တစ်ရက်ကိုနည်းနည်းလေးပဲစားကြပါတယ်။ သစ်ပင်ပေါ်မှာပဲ အစာစား မိတ်လိုက် ကလေးမွေး အနားယူလုပ်ကြတဲ့စလော့တွေဟာ သူတို့ဘဝရဲ့အချိန်အများစုကို သစ်ပင်တွေပေါ်မှာပဲကုန်ဆုံးကြပါတယ်။ ဒီလိုသစ်ပင်ပေါ်မှာပဲ တစ်ချိန်လုံးတွဲလောင်းနေကြတဲ့အကောင်လေးတွေဟာ အပင်ပေါ်ကနေဆင်းလာတဲ့အချိန်တစ်ချိန်ပဲရှိပါတယ်။ အဲ့ဒီအချိန်ကတော့ မစင်စွန့်ဖို့ပဲဖြစ်ပါတယ်။ သူတို့ဟာ တစ်ပတ်ကိုတစ်ခါလောက်တော့ သစ်ပင်ပေါ်ကနေနှေးနှေးကွေးကွေးဆင်းလာပြီး အပင်ခြေရင်းမှာမှ မစင်စွန့်တာမျိုးလုပ်ကြပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/18/18e8ef38a65113816beaa4bd8fa6d8d3ad4c5896.jpg

အရာရာနှေးကွေးကြတဲ့စလော့တွေအနေနှင့် နှစ်ပေါင်းများစွာရှင်သန်နိုင်ခြင်းဟာ နှေးကွေးတဲ့ဘဝနေထိုင်မှုပုံစံကြောင့်လည်းဖြစ်ပါတယ်။ သူတို့ဟာ စွမ်းအင်ကိုအတတ်နိုင်ဆုံးထုတ်မသုံးကြတာကြောင့် အားပြတ်တာလိုမျိုးအခြေအနေကိုဘယ်တော့မှရောက်ကြမှာမဟုတ်ပါဘူး။ ဒါ့အပြင်စလော့တွေရဲ့အမွှေးတွေဟာ အင်းဆက်အကောင်အမျိုးအစားအမျိုးမျိုးရဲ့နေအိမ်အဖြစ်လည်း အသုံးဝင်ပါသေးတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T