ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် လူသိများထင်ရှားတဲ့ Red and white giant flying ရှဉ့်ဟာ Sciuridae မိသားစုက ဆင်းသက်လာတဲ့ ရှဉ့်ပျံမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ သိပ္ပံနာမည်မှာ Petaurista alborufus လို့ခေါ်ပြီး တရုတ်ပြည်မကြီးက အမြင့်ပေ ၈၀၀ မှ ၃၅၀၀ မီတာ ( ၂၆၀၀ မှ ၁၁၅၀၀ ပေ ) မြင့်တဲ့ တောင်တန်းဒေသ နဲ့ ထိုင်ဝမ်က ၁၂၀၀ မှ ၃၇၅၀ မီတာ ( ၃၉၄၀ မှ ၁၂၃၀၀ ပေ ) မြင့်တဲ့ တောင်တန်းဒေသတွေမှာ အများဆုံး တွေ့ရနိုင်ပါတယ်။ ဒီ Red and white giant flying ရှဉ့်တွေဟာ မျက်နှာတစ်ခုလုံးကို အဖြူရောင် အမွေးတို့နဲ့ ဖုံးအုပ်ထားပြီး ခန္ဓာကိုယ် ဝမ်းဗိုက်ပိုင်းမှာ နီညိုရောင် ၊ ကျောဘက်ပိုင်းမှာ လိမ္မော်နီရောင် အမွေးရှည်တို့နဲ့ ဖုံးအုပ်ထားပါတယ်။

မျက်လုံးကို ပိုမိုနက်မှောင် တောက်ပအောင် မျက်လုံးပတ်ပတ်လည်ကို နီညိုရောင် အကွင်းကလေးနဲ့ ပုံဖော်ထားပြီး အနီရောင် နဲ့ အဖြူရောင် ပျံသန်းနိုင်တဲ့ရှဥ့်ဟာ ရှဉ့်ပျံမျိုးစိတ်တွေထဲက အကြီးဆုံး မျိုးစိတ်တစ်ခုလည်း ဖြစ်ပါတယ်။ အဓိကအားဖြင့် အခွံမာသီး နဲ့ သစ်သီးတွေကို စားသုံးကြပြီး အသီးအရွက်များ ၊ အင်းဆက်များ နဲ့ အင်းဆက်သားလောင်းပေါက်တို့ကိုလည်း စားသုံးကြပါတယ်။ ဒီ Red and white giant flying squirrel တွေဟာ သစ်ပင်တစ်ပင်နဲ့ တစ်ပင်ကြားကို ကောင်းစွာ ကူးပြောင်းနိုင်တဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားကြပါသေးတယ်။ ဦးခေါင်းနဲ့ ကိုယ်ထည်တို့ရဲ့ ပျမ်းမျှအရှည်မှာ ၃၅ မှ ၅၈ စင်တီမီတာ ( ၁၄ မှ ၂၃ လက်မ ) ရှိတာကြောင့် အမြီးမပါဘဲကို တော်တော်ကြီးတဲ့ရှဉ့်အမျိုးအစားပဲဖြစ်ပါတယ်။

Red and white giant flying squirrel ရဲ့ ပျမ်းမျှအမြီးအရှည်မှာ ၄၃ မှ ၆၁.၅ စင်တီမီတာ ( ၁၆.၉ မှ ၂၄.၂ လက်မ ) တောင်ရှိတာကြောင့် အမြီးတင် ၂ ပေလောက် ရှည်တာပဲ ဖြစ်ပါတယ်။ တစ်နှစ်မှာ နှစ်ကြိမ် မျိုးပွားကြပြီး မတ်လအစောပိုင်း နဲ့ ဩဂုတ်လအစောပိုင်းတို့ဟာ Red and white giant flying ရှဉ့်တို့ရဲ့ မျိုးပွားရာသီပဲ ဖြစ်ပါတယ်။ အစာအာဟာရ ပေါကြွယ်ဝတဲ့ တောတွင်းထဲမှာ ပျမ်းမျှ ၁၅ နှစ်ဝန်းကျင်ထိ နေထိုင်နိုင်တာကြောင့် အတော့်ကို အသက်ရှည်တဲ့ ချစ်စရာ သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ လူတွေနဲ့ လိုက်လျောညီထွေ နေတတ်ပြီး မျိုးပွားနှုန်းမြင့်တဲ့ Red and white giant flying ရှဉ့်တွေဟာ လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်တော့ မရှိသေးဘူးပဲ ဖြစ်ပါတယ်။






