ချုပ်နှောင်ပြီးအသတ်ခံရတဲ့ ရောမအထက်တန်းစားစစ်သားတစ်ယောက်ရဲ့ အရိုးစု..

//s9.kh1.co/a1/a1c7c7f929c3dfbc81d2f84541bad05ba6e6c266.jpg
MPT

 ၁၆-လိုင်-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

Wales မှာ ရှာဖွေတွေ့ရှိခဲ့တာပါ..

Wales မှာရှိတဲ့ ရောမအိမ်ကြီးအနီး သီးခြားမြေကွက်တစ်ခုမှာ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ အရိုးစုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ငွေရောင်တွယ်ချိတ်နဲ့အတူ ဓားတစ်ချောင်းကိုလည်း တွေ့ရှိခဲ့ကြပြီး ရောမစစ်သားတစ်ယောက်ဖြစ်မယ်လို့ မှတ်ယူထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f7/f722aeca824dc6fb1b6e7e5bf33fe368aa238d32.jpg

လည်ပင်း၊ နောက်ကျောနှင့် ခြေထောက်မှာရှိတဲ့ လက်သည်းကြီးတွေက သူသေဆုံးချိန်မှာ ချုပ်နှောင်ခံထားရကြောင်း တုန်လှုပ်ဖွယ်သက်သေအဖြစ် ဖော်ပြနေပါတယ်။ ယခုတွေ့ရှိမှုအပြင် Wales တောင်ပိုင်းမှာရှိတဲ့ အခြားသင်္ချိုင်းမြေတွေကိုလည်း ယူကေအခြေစိုက်ရှေးဟောင်း သုတေသနအဖွဲ့တစ်ခုက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေက ယခုတွေ့ရှိမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ခန့်ကတွေ့ခဲ့တဲ့ Whitton Lodge Roman Villa နဲ့ ဆက်စပ်မှုရှိမယ်လို့ ယူဆထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a8/a85f61b3e89d44d4c2c999d3ccc59baf47e23428.jpg
https://s9.kh1.co/__image/w=650,h=366,q=100/17/1765cc9122e37037f43fd854ddb9a109c78cdecf.jpg

သုတေသီတွေရဲ့ပြောကြားချက်အရ သေဆုံသူဟာ အသက် ၂၀-၂၅ နှစ်အတွင်းရှိမယ်လို့ သိရပြီး သစ်သားပျဥ်တွေနဲ့ပြုလုပ်ထားတဲ့ အုတ်ဂူမှာ သဂြိုလ်ထားတာဖြစ်ပါတယ်။ သံဓား၊ ဘွတ်ဖိနပ်၊ ငွေရောင်တံညှပ်ပုံရင်ထိုး စတဲ့အချက်တွေကြောင့် သူဟာရောမအထက်တန်းစားစစ်သားတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။ ဒီလိုအထက်တန်းစားစစ်သားဟာ ချုပ်နှောင်ပြီး အသတ်ခံရခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/5c/5c3ade2eb218ce4b6118cf1e9f1c5a4bbf338d76.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T