လူသားများ၏ လွဲမှားနေသောအယူအဆများကြောင့် မျိူးသုဥ်းပျောက်ကွယ်သွားရသော တိရိစ္ဆာန်ပေါင်းများစွာရှိသည်။ ကြံ့ဦးချိူသည် အာရှနိုင်ငံတော်တော်များများတွင် ဆေးဖက်ဝင်သည်ဟုယုံကြည်ကြသောကြောင့် ကြံ့မျိူးစိတ်တော်တော်များများသည် မျိူးသုဥ်းအန္တရာယ်နီးကပ်နေသော အကောင်များဖြစ်သည်။

မြောက်ပိုင်းကြံ့ဖြူမျိူးစိတ်သည် လူသားတို့မျက်စိရှေ့တွင်ပင် မျိူးသုဥ်းတော့မည့် မျိူးစိတ်ဖြစ်သည်။ လက်ရှိကမ္ဘာပေါ်တွင် Najin နှင့် Fatu ဟုခေါ်သော အမနှစ်ကောင်သာကျန်ရှိပါတော့သည်။ ကမ္ဘာကြီး၏နောက်ဆုံးမြောက်ပိုင်းကြံ့ဖြူမျိုးစိတ်အထီး Sudan သည် ၂၀၁၈တွင် သေဆုံးသွားခဲ့သည်။

ကင်ညာနိုင်ငံသို့ မျိူးပွားစေရန် ရည်ရွယ်၍ခေါ်ဆောင်လာခဲ့သော်လည်း Sudan သည်သဘာဝအတိုင်းမျိူးပွားနိုင်ခြင်းမရှိတော့ဘဲ ပညာရှင်များအကူအညီဖြင့် မျိူးပွားရန်လုပ်ဆောင်ခဲ့ကြသည်။ သို့သော် နာမကျန်းဖြစ်၍ Sudan သေဆုံးသွားချိန်တွင်မူ တစ်ကမ္ဘာလုံး၏မျှော်လင့်ချက်သည် ပျောက်ဆုံးသွားခဲ့ရသည်။
လက်ရှိအချိန်တွင် ကျန်ရစ်သော အမနှစ်ကောင်ကို ကင်ညာအစိုးရ၏စစ်တပ်မှ နေ့တိုင်းစောင့်ကြပ်ပေးကာ မျိူးဆက်ပွားနိုင်မည့် နည်းလမ်းကိုကြိုးစားရှာဖွေနေကြပါသည်။ အကယ်၍ မျိူးပွားရန် မအောင်မြင်ခဲ့ပါက ကမ္ဘာပေါ်တွင် မြောက်ပိုင်းကြံ့ဖြူမျိူးစိတ်သည် လုံးဝပျောက်ကွယ်သွားတော့မည်ဖြစ်သည်။
