မတူညီတဲ့တိရိစ္ဆာန်တွေဟာ သဘာဝအတိုင်း မျိုးစပ်ဖို့ခက်ခဲပေမယ့် တစ်ခါတစ်ရံ မျိုးစိတ် (သို့) မျိုးနွယ်အနည်းငယ်တူတဲ့တိရိစ္ဆာန်တွေဟာ မျိုးစပ်တတ်ကြပါတယ်။ ရလာဒ်အရတော့ မိဘတွေရဲ့မျိုးရိုးတစ်ဝက်စီပါလာတတ်ပါတယ်။ လူတွေမျိုးစပ်ပြီး ဖန်တီးထားတဲ့အချို့တိရိစ္ဆာန်တွေကတော့ ဆိုးရွားတဲ့သက်ရောက်မှုတွေရှိနေတတ်ပါတယ်။

မျိုးစပ်အများစုကို ကုန်းနေသတ္တဝါတွေမှာသာတွေ့ရပေမယ့် ရေနေသတ္တဝါအချို့မှာလည်း ထူးထူးခြားခြားတွေ့ရတတ်ပါတယ်။ Wholphin လို့ခေါ်တဲ့ မျိုးစပ်ဟာ သတ်ဖြတ်သူဝေလငါးနှင့် အတ္တလန်တိတ်ပုလင်းနှာခေါင်းပုံစံလင်းပိုင်တို့ မျိုးစိပ်ပြီးဖြစ်ပေါ်လာတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ ပထမဆုံးမျိုးစိတ်ကို ဝေလငါးအထီးနှင့် လင်းပိုင်အမတို့ မိတ်လိုက်ပြီး ၁၉၈၅ ခုနှစ်မှာ မွေးဖွားလာတာဖြစ်ပါတယ်။


အဆိုပါမျိုးစိတ်သစ်ရဲ့ ၄ ပုံ ၁ ပုံဟာ ဝေလငါးရဲ့အစိတ်အပိုင်းဖြစ်ပြီး ၄ ပုံ ၃ ပုံဟာ လင်းပိုင်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ သူတို့ရဲ့ အရောင်၊ အရွယ်အစားနှင့် ပုံစံတွေကတော့ မိဘတွေနဲ့ အများကြီးကွာသွားပါတယ်။ အဓိကအားဖြင့်တော့ သူတို့ရဲ့သွားတွေမှာ ကွာခြားမှုရှိနေတာပါ။ ဝေလငါးတွေမှာ သွား ၄၄ ချောင်း၊ လင်းပိုင်တွေမှာ သွား ၈၈ ချောင်းနှင့် ဖြစ်ပေါ်လာတဲ့မျိုးစိတ်တွေမှာတော့ သွား ၆၆ ချောင်းသာရှိပါတယ်။






