Stary Kids ဟာ 2024 Met Gala ကိုအဖွဲ့လိုက်တက်ရောက်ခွင့်ရတဲ့ ပထမဆုံးသောကေပေါ့အဖွဲ့ဖြစ်လာခဲ့ပါတယ်။ နာမည်ကြီးဒီဇိုင်းနာ Tommy Hilfiger ရဲ့ဖိတ်ခေါ်မှုနှင့် ပွဲတက်လာတဲ့သူတို့ဟာ အနီရောင် အဖြူရောင်နှင့် အနက်ရောင် Suit တွေနှင့်အတော်လေးခန့်ညားနေခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီပွဲကို BlackPink Jennie လည်းတက်ရောက်တာကြောင့် ကေပေါ့အိုင်ဒေါတွေဟာ အချင်းချင်းပွဲအတွင်းမှာနှုတ်ဆက်ပြီးဓာတ်ပုံပါရိုက်ခဲ့ကြပါသေးတယ်။ အရင်တုန်းကလည်း ကေပေါ့အိုင်ဒေါတွေ ကိုတက်လာတာမျိုးရှိပေမဲ့ အခုလိုတစ်ဖွဲ့လုံးအတူတူတက်ရောက်လာတာမျိုးတော့ မရှိခဲ့ပါဘူး။
အဖွဲ့ဟာ ပွဲအတွင်းမှာ သူတို့ရဲ့အနောက်တိုင်းဆန်တဲ့ရုပ်ရည်နှင့် ဖက်ရှင်တွေကြောင့် လူပြောများနေပါတယ်။ အထူးသဖြင့် တစ်ချို့မန်ဘာတွေဟာဆိုရင် ပွဲခင်းအတွင်းမှာတင်သီးသန့်ကွဲထွက်နေပြီး လူစိတ်ဝင်စားခံနေရတာဖြစ်ပါတယ်။