လူငယ်တွေအနေနှင့်အခုချိန်မှာ ဘာမှမထင်ထားတဲ့ကိစ္စမျိုးဟာ အသက်ကြီးလာရင်သေချာပေါက်နောင်တရတာမျိုးဖြစ်နိုင်ပါတယ်။ ငယ်သေးတဲ့အချိန်မှာ စီးပွားရေးတစ်ခုကိုစတင်မလုပ်မိခဲ့ဘူးဆိုရင် အချိန်ကြာလာရင် သေချာပေါက်နောင်တရလာမှာပါ။ စွန့်စားရဲပြီး စိတ်ရောကိုယ်ပါ လုပ်နိုင်တုန်းမှာ စီးပွားရေးတစ်ခုကိုစတင်သင့်ပါတယ်။

ခရီးသွားခြင်းကလည်း ငယ်ရွယ်တုန်းမှာ စမ်းသပ်ကြည့်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အပင်ပန်းခံနိုင်တဲ့အရွယ်မှာခရီးသွားခြင်းဟာ ကောင်းမွန်တဲ့အမှတ်တရတွေကိုဖြစ်စေပြီးတော့ အသက်ကြီးလာရင်အဖိုးမဖြတ်နိုင်တဲ့အမှတ်တရတွေဖြစ်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာတဲ့ခန္တာကိုယ်နှင့် ကျန်းမာတဲ့စိတ်အခြေအနေရှိအောင်ကြိုးစားတာကလည်း အသက်ကြီးလာရင် ပိုပြီးလိုအပ်လာတဲ့အရာဖြစ်လာမှာပါ။

ဒီလိုအရာတွေကို အသက်ငယ်နေချိန်ကတည်းကဂရုစိုက်ထားရမှာဖြစ်ပါတယ်။ ရှေ့ရေးအတွက်ကြိုတင်ပြီးစုဆောင်းထားတာမျိုးမရှိခြင်းကလည်း နောင်တတွေရလာစေနိုင်ပါတယ်။ လူငယ်အများစုဟာ မိသားစုနှင့်အချိန်ဖြုန်းဖို့ကိုလည်း တွန့်တိုတတ်ကြတာကြောင့် ဒါဟာ ကြီးမားတဲ့နောင်တတစ်ခုဖြစ်လာနိုင်ပါတယ်။ အချိန်ရတုန်းမှာ မိသားစုနှင့် ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို အချိန်ပေးပြီးချစ်ခင်ကြောင်းတွေပြသသင့်ပါတယ်။
