ဒီနယ်ပယ်တွေဟာ ငွေကြေးအလွယ်တကူရပြီးတော့ အဲ့လိုရနိုင်တဲ့အခြေအနေဖြစ်လာအောင်လည်း နှစ်နှင့်ချီပြီးကြိုးစားရလေ့ရှိပါတယ်။ အိမ်ခြံမြေလုပ်ငန်းဟာ ငွေကြေးဝင်လာဖို့အလွယ်ကူဆုံးလို့ဆိုနိုင်တဲ့နယ်ပယ်ပါ။ နိုင်ငံအသီးသီးမှာ နေစရာဟာ လူတွေအတွက် အရေးကြီးတာကြောင့် အခုလိုမျိုးအိမ်ခြံမြေနယ်ပယ်ဟာ ခေတ်အဆက်ဆက်မှာ ငွေရလွယ်တဲ့နယ်ပယ်ဖြစ်နေတာဖြစ်ပါတယ်။
![https://s9.kh1.co/__image/w=512,h=684,q=100/93/93ae69994c94a3bd28ba6e28d2ee5e76f579965c.jpg](https://s9.kh1.co/__image/w=512,h=684,q=100/93/93ae69994c94a3bd28ba6e28d2ee5e76f579965c.jpg)
ငွေကြေးပိုင်းဆိုင်ရာအလုပ်တွေကလည်းပဲ ငွေကြေးဝင်ဖို့လွယ်ကူတဲ့နယ်ပယ်ပါ။ ဘဏ်တွေလိုမျိုးလုပ်ငန်းတွေဖြစ်ပါတယ်။ကျန်းမာရေးနယ်ပယ်ဟာလည်း ငွေဝင်လွယ်တဲ့နယ်ပယ်ပါ။ ကမ္ဘာ့လူဦးရေသန်းပေါင်းများစွာထဲက နေမကောင်းဖြစ်နေတဲ့သူတွေဟာ အမြဲတမ်းရှိနေတာကြောင့် ဒီနယ်ပယ်ဟာဝင်ငွေအကောင်းဆုံးဖြစ်နေတာ အံ့ဩစရာတော့မကောင်းပါဘူး။
![https://s9.kh1.co/__image/w=564,h=376,q=100/89/89dd48abde58760ae879849b67d6224b626e4d99.jpg](https://s9.kh1.co/__image/w=564,h=376,q=100/89/89dd48abde58760ae879849b67d6224b626e4d99.jpg)
မီဒီယာနယ်ပယ်ဟာလည်း ဝင်ငွေကောင်းတဲ့နယ်ပယ်မှာပါဝင်ပါတယ်။ ပုံမှန်အားဖြင့် မီဒီယာဟာဖျော်ဖြေရေးလုပ်ငန်းတွေနှင့်ပါ ချိတ်ဆက်ထားတာကြောင့် နာမည်ရလာတာနှင့်ငွေအလွယ်တကူရနိုင်တဲ့နယ်ပယ်ဖြစ်ပါတယ်။ IT ဟာလည်း အခုနောက်ပိုင်းမှာနေရာတိုင်းမှာလိုအပ်လာတာကြောင့် အိုင်တီနယ်ပယ်ဟာလည်း ငွေကြေးအလွယ်တကူရနိုင်တဲ့နယ်ပယ်တစ်ခုဖြစ်လာပါတယ်။
![https://s9.kh1.co/__image/w=563,h=751,q=100/c0/c04ae235aa6976784476f3933bde61aaa6665d16.jpg](https://s9.kh1.co/__image/w=563,h=751,q=100/c0/c04ae235aa6976784476f3933bde61aaa6665d16.jpg)