သစ်ခွပန်းပုံစံ အတုခိုးနေကြတဲ့ ချစ်စရာနှံကောင်မျိုးစိတ်

//s9.kh1.co/ff/ff3fa8f7addc6c9f890021fbdff6c760f6c8a9c4.jpg
MPT

 ၀၅-မေ-၂၀၂၄ ၅pm · လွန်ခဲ့သော ၁၃ ရက် က

သစ်ခွပန်းပုံစံ အတုခိုးနေကြတဲ့ ချစ်စရာနှံကောင်မျိုးစိတ်

Hymenopus Coronatus အင်းဆက်ကတော့ အရှေ့တောင်အာရှရဲ့ အပူပိုင်းသစ်တောတွေမှာ တွေ့ရတဲ့ မန်တီမျိုးစိတ်ဝင် တစ်မျိုးပဲ ဖြစ်ပါတယ်။ မြန်မာလို အခေါ်မှာ သရဖူဆောင်းထားတဲ့ Hymenopus လို့ခေါ်ပြီး Hymenopus မျိုးစုက ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ နှံကောင်မျိုးစိတ်တစ်မျိုး ဖြစ်ပြီး ထူးခြားတဲ့ အရောင်အဆင်းကြောင့် အလှဆုံးအင်းဆက်မျိုးစိတ်ထဲက တစ်မျိုးအပါအဝင်ပဲ ဖြစ်ပါတယ်။ တွယ်ကပ်ထားတဲ့ သစ်ပင် ၊ သစ်ရွက် ၊ ပန်း ၊ အဖူးတို့ရဲ့ အရောင်နဲ့ ဆင်တူရိုးမှား အတုခိုးနိုင်ကြတာကြောင့် flower mantises လို့လည်း လူသိများပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/77/77727c7baa6489c24289eeac0f07ede51d93dae4.jpg

အဓိကအားဖြင့် သစ်ခွပန်းကဲ့သို့ ပန်းတွေပေါ်မှာ ပန်းပုံစံ အတုခိုး ပုန်းကွယ်နေပြီး ပန်းပွင့်ဆီကို လာကာ ဝတ်မှုန်ကူးမယ့် အင်းဆက်တွေကို ဖမ်းယူ စားကြပါတယ်။ ဒီ Hymenopus Coronatus တွေမှာ သစ်ခွပန်းရဲ့ ပွင့်ချပ်နဲ့ တူတဲ့ ခြေထောက်တို့ ရှိပြီး အများအားဖြင့် အစိမ်းနုရောင် ၊ ပန်းရောင် ၊ အဖြူရောင် မှ မီးခိုးရောင် စသဖြင့် အရောင်နုနု အမျိုးမျိုး ဒေသအလိုက် ရှိပါတယ်။ အသားစား အင်းဆက်တစ်မျိုးဖြစ်တဲ့ Hymenopus Coronatus နှံကောင်တွေဟာ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု ၊ အရောင်အဆင်းတို့ကြောင့် အင်းဆက်မွေးသူတွေကြား နာမည်ကြီးပြီး တွေ့ဖို့ မလွယ်တာကြောင့် တန်ဖိုးလည်း အလွန်ပေးရတဲ့ ရှားပါးနှံကောင်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/5a/5abb6e6d20a6771d12b330b31571cc7a6115adf6.jpg

ဒါအပြင် အရွယ်ရောက်ပြီးတဲ့ Hymenopus Coronatus အမတစ်ကောင်ဟာ ပျမ်းမျှအားဖြင့် ၆၀ မီလီမီတာ ရှိပြီး အထီးတွေဟာ ၃၀ မီလီမီတာ ဝန်းကျင်သာ ရှိ‌တာကြောင့် အထီးထက် အမက အကောင်အရွယ်အစား ပိုကြီးတဲ့ ချစ်စရာ အင်းဆက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ၅ လ သို့မဟုတ် ၆ လဝန်းကျင်သာ ရှင်သန်နိုင်ကြတဲ့ ဒီအင်းဆက်လေးတွေဟာ လက်ရှိမှာတော့ အကောင်အရေအတွက် အတော်ကို လျော့ကျလာပါတယ်။ ရာသီဥတု ဖောက်ပြားမှု ၊ သစ်တောပြုန်းတီးမှု ၊ သစ်ပင်ပန်းမန်များ လျော့ပါး လာမှုတို့အပြင် နဂိုထဲက သီးခြားပုန်းကွယ်နေတတ်တာကြောင့် Hymenopus Coronatus တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရှာဖွေလျက်ရှိပြီး တရားဝင် မွေးမြူခွင့်လည်း ပိတ်ထားပါသေးတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/38/38374c57edfa82d83560af0429c175658e7567b4.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T