Auto-sexing လုပ်နိုင်တဲ့ ထူးထူးခြားခြား ကြက်မျိုးစိတ်

//s9.kh1.co/20/20c5fe4854b84b1380488ea763c261b4bda1cfeb.jpg
MPT

 ၀၅-မေ-၂၀၂၄ ၅pm · လွန်ခဲ့သော ၁၃ ရက် က

Auto-sexing လုပ်နိုင်တဲ့ ထူးထူးခြားခြား ကြက်မျိုးစိတ်

Legbar ကြက်‌ကတော့ ဗြတိသျှက ရှားပါးကြက်မျိုးစိတ်တစ်မျိုး ဖြစ်ပြီး auto-sexing လုပ်နိုင်တဲ့ ထူးထူးခြားခြား ကြက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ဒီကြက်မျိုးစိတ်ကို Cambridge University ရဲ့ ဗြိတိန် မျိုးရိုးဗီဇပညာရှင် Reginald Crundall Punnett နဲ့ ‌ဗြိတိသျှ ဂန္ဓဝင် မျိုးရိုးဗီဇပညာရှင် Michael Pease တို့မှ ၂၀ ရာစုအစောပိုင်းမှာ တီထွင် ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ မျိုးစိတ်တွေကို မျိုးစပ်ရာမှာ Legbar ကြက်ဟာ ဒုတိယမြောက် အောင်မြင်ခဲ့တဲ့ ကြက်မျိုးစိတ်လေး ဖြစ်ပြီး မီးခိုးရောင် ၊ အဖြူရောင် အညိုရင့်ရောင် မှ အညိုနုရောင် အထိ အမွေးအရောင်အမျိုးမျိုး ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/6b/6b513f9b65ea89e3e895751e2c05e57aec7b89ff.jpg

အလယ်အလတ်ကြီးတဲ့ ကြက်မျိုးစိတ်တစ်မျိုး ဖြစ်ပြီး အရွယ်ရောက်ပြီးတဲ့ Legbar အထီးတစ်ကောင်ဟာ ပျမ်းမျှ ၂.၇ မှ ၃.၄ ကီလိုဂရမ် ရှိပါတယ်။ Legbar ကြက်အမတွေကတော့ ပျမ်းမျှ ၂ မှ ၂.၇ ကီလိုဂရမ် ရှိပြီး လိင်နှစ်မျိုးစလုံးမှာ အဝါရောင် နှုတ်သီး နဲ့ ခြေတံပါးပါးတို့ ပါရှိကြပါတယ်။ Cream Legbar ကြက်တွေက လူတွေနဲ့ လိုက်လျောညီထွေနေတတ်ပြီး ကိုင်ရလွယ်ကာ ဖော်ရွေတတ်တဲ့အပြင် ထူးထူးဆန်းဆန်း ခရင်မ်အရောင် ၊ စိမ်းပြာရောင် ၊ အပြာရောင် ရှိတဲ့ ဥတွေကို ဥနိုင်ကြပါတယ်။ ဦးခေါင်းထိပ်မှာ ဂန္ဓဝင်ဆန်ဆန် အမွေးရှည်တို့ ပါရှိပြီး ဒီကြက်တွေက ရှားပါးပြီး တန်ဖိုးကြီးတာကြောင့် အသားအတွက် သိပ်အသုံးမပြုကြပါဘူး။ 

https://s9.kh1.co/__image/w=650,h=342,q=100/59/599d0fb22e4675c83ed4eed53f8c762f93c262e0.jpg

legbar ကြက်တွေဟာ အသက် ၅ လ မှ ၆ လကြားမှာ အရွယ်ရောက်ကာ စတင် မိတ်လိုက်မျိုးပွားကြပြီး တစ်နှစ်ကို တန်ဖိုးကြီး စိမ်းပြာရောင်ဥ ၁၅၀ မှ ၂၀၀ ကြား ဥလေ့ရှိပါတယ်။ သွယ်လျပြေပြစ်တဲ့ ခန္ဓာကိုယ်အရွယ်အစား ၊ အရောင်ငြိမ်ငြိမ် အမွေးရှည်တို့နဲ့ Legbar ကြက်တွေဟာ အလွယ်တကူ ထိန့်လန့်တုန်လှုပ် ကြောက်လန့်တတ်ကြပြီး အန္တာရာယ်နဲ့ ကြုံတဲ့အခါကောင်းကောင်းပျံသန်းနိုင်တဲ့ ထူးထူးခြားခြား ကြက်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Legbar ကြက်တွေကို စနစ်တကျ မွေးမြူထားတဲ့ ကြက်ခြံတွေမှာသာ အများဆုံး တွေ့ရပြီး ထူးခြားတဲ့ အပြာရောင်ဥတွေ ထုတ်ပေးနိုင်တာကြောင့် စနစ်တကျ ပြန်လည်မွေးမြူလျက် ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/ad/adc4c83fcef37756c21f9383778f8f2e95cad000.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T