သစ်ရွက်ပုံ ရေယက်တွေနဲ့ ပန်းရောင်ဥ ဥတဲ့ ရှားပါးရေနဂါးမျိုးစိတ်

//s9.kh1.co/de/de0ba0093dee2dabbdebe32b631212202ca748f0.jpg
MPT

 ၀၅-မေ-၂၀၂၄ ၆pm · လွန်ခဲ့သော ၁၃ ရက် က

သစ်ရွက်ပုံ ရေယက်တွေနဲ့ ပန်းရောင်ဥ ဥတဲ့ ရှားပါးရေနဂါးမျိုးစိတ်

ထူးခြားတဲ့ အရွက်ပုံစံ အတက်အလက်တွေကြောင့် ထင်ရှားတဲ့ Phycodurus eques သို့မဟုတ် Leafy seadragon ကတော့ Syugnathidae မျိုးစုကဆင်းသက်လာပြီး Phycodurus မျိုးစုရဲ့ တစ်ခုတည်းကျန်တဲ့ ငါးမျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Leafy seadragon ရေနဂါးတွေကို ဩစတေးလျနိုင်ငံ တောင်ပိုင်းရေပြင်မှာသာ တွေ့ရပြီး အများအားဖြင့် သဲဖုံးနေတဲ့ ကျောက်တုံးများ ၊ ပင်လယ်မြက်များ ပတ်ပတ်လည် မီတာ ၅၀ ( ပေ ၁၆၀ ) နက်တဲ့‌ ရေပြင်နေရာတွေမှာ ‌ရှင်သန်ကြပါတယ်။ ထူးခြားတဲ့ အရွက်ပုံစံ အတက်အလက်တွေကြောင့် ပင်လယ်မြက် ၊ ရေညှိ ၊ ရေမှော်တွေနဲ့ ကွယ်ဝှက် နေထိုင်ကြပြီး ‌သီးခြားတစ်ကောင်တည်း အေးဆေး နေထိုင်လေ့ ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/aa/aad58b1ab85e310fab7e179dfb46c60c5b8ff6c9.jpg

ဒါအပြင် Leafy seadragon တို့ရဲ့ အရွက်ပုံ အခက်အလက်တွေဟာ ရေကူးရာမှာလည်း ကူညီပေးပြီး အမှတ်တမဲ့ ကြည့်မိတဲ့အခါ မျောလွင့်နေတဲ့ ပင်လယ်ရေမှော် နဲ့တောင် ဆင်တူကြပါတယ်။ပင်လယ်မြင်းတွေထက် ပိုကြီးတတ်ကြပြီး အရွယ်ရောက်ပြီးတဲ့ Leafy seadragon တစ်ကောင်ဟာ ၂၀ မှ ၂၄ စင်တီမီတာ ( ၈ မှ ၉.၅ လက်မ ) အထိ ကြီးထွားကြပါတယ်။ ရေထဲက Plankton နဲ့ crustaceans ငယ်လေးတွေကို အဓိက စားသုံးတဲ့ ရှည်လျားတဲ့ ပါးစပ်ပါရှိပြီး ခန္ဓာကိုယ်တစ်လျှောက် ဆူးတောင် အချွန်တို့ ပါရှိကြပါတယ်။ မျိုးပွားတဲ့ မိတ်လိုက်ရာသီအချိန်မှ လွဲ ကျန်တဲ့အချိန်တွေမှာ တစ်ကိုယ်တည်း နေတတ်တဲ့ Leafy seadragon တွေဟာ တစ်ခါမျိုးပွားရင် ပန်းရောင် ဥ ၂၅၀ အထိ ထုတ်လွှတ်နိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/21/216c8e04a90b43ea2c86920c7c0ba502482de748.jpg

ထူးခြားတဲ့ ဆူးတောင် အရွက်တွေနဲ့ Leafy seadragon တွေဟာ တစ်နာရီကို မီတာ ၁၅၀ ( ၄၉၀ ပေ ) အထိ ရွေ့လျားနိုင်ခဲ့တယ်ဟု မှတ်တမ်းတွေ ရှိတာကြောင့် ရေကူးဆရာကြီးတွေ ဆိုလည်း မမှားပါဘူး။ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှုကြောင့် လူသိများ ထင်ရှားခဲ့တဲ့ ဒီ ရေနဂါးတွေကို ပြတိုက်တွေမှာ ဗဟုသုတရဖွယ် ပြသထားကြပြီး ရေထုညစ်ညမ်းမှု ၊ လူတွေရဲ့ စည်းကမ်းမဲ့ ဖမ်း‌ဆီးမှုတွေကြောင့် အကောင်အရေအတွက် များစွာ လျော့ကျနေပြီပဲ ဖြစ်ပါတယ်။ ဒါအပြင် Leafy seadragon တွေဟာ ပင်လယ်ရေပြင်မှာ အလေ့ကျ နေထိုင်တဲ့ ရေနေသတ္တဝါ ဖြစ်တာကြောင့် မွေးမြူရေးကန်တွေမှာ ရှင်သန်နိုင်ချေ နည်းကြပါတယ်။ လက်ရှိမှာတော့ စနစ်တကျ ပြန်လည်မွေးမြူလျက်ရှိပြီး Leafy seadragon တွေကို စည်းကမ်းမဲ့ ဖမ်း‌ဆီးမှုအား အပြင်းအထန် တားမြစ်ထားပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/64/64e864af2514f4087f4d853d9fef599504f9d67b.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T