အသက်ရှင်လျက်ပုံ တစ်ပုံသာ ရိုက်ကူးနိုင်ခဲ့တဲ့ Quagga မြင်းကျား

//s9.kh1.co/36/364071d1815f83856cb8411a7ef0c56a7da5308b.jpg
MPT

 ၂၅-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၀ ရက် က

အသက်ရှင်လျက်ပုံ တစ်ပုံသာ ရိုက်ကူးနိုင်ခဲ့တဲ့ Quagga မြင်းကျား

Quagga ‌ကတော့ တောင်အာဖရိကမှာ ၁၉ ရာစုနှောင်းပိုင်းက မျိုးသုန်းပျောက်ကွယ်သွားပြီ ဖြစ်တဲ့ လွင်ပြင် မြင်းကျားမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသက်ရှင်လျက် ဓာတ်ပုံမှတ်တမ်းရခဲ့တဲ့ Quagga တစ်ကောင်သာ ရှိခဲ့ပြီး လက်ရှိမှာတော့ ထိန်းသိမ်းထားတဲ့ ‌အရေခွံ ၂၃ ခု နဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေသာ ကျန်တော့တာပဲ ဖြစ်ပါတယ်။ ဦးခေါင်းထိပ်မှ တင်ပါးစုံရိုးအထိ အရှည် ၂၅၇ စင်တီမီတာ ( ၈ ပေ ၅ လက်မ ) ဝန်းကျင်ရှိပြီး ပုခုံးအထိ အမြင့် ၁၂၅ စင်တီမီတာမှ ၁၃၅ စင်တီမီတာ ( ၄ ပေ ၁ လက်မ မှ ၄ ပေ ၅ လက်မ ) ကြား ရှိတယ်လို့ ယူဆရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/dd/dd3b3ffb429ae6fac3e14f72333f8e7e3e1c5744.jpg

Quagga မြင်းကျားတွေကတော့ အခြားမြင်းကျားနဲ့ မတူဘဲ ဝမ်းဗိုက်ပိုင်းမှာ အဆင်းကြားများ မရှိတတ်ပါဘူး။ ဦးခေါင်းပိုင်း နဲ့ ခန္ဓာကိုယ်အရှေ့ပိုင်းမှာ အဓိကအားဖြင့် အညိုရောင် နဲ့ အဖြူရောင် အစင်းကြောင်းများ ပါရှိပြီး ကျောဘက်မှာ အစင်းကြောင်းများ မပါရှိတတ်တာကြောင့် မြင်းနဲ့ ပိုတူပါတယ်။ Cape ပြည်နယ် Karoo နဲ့ တောင်အာဖရိက က Orange Free State ရဲ့ တောင်ဘက်ပိုင်းတို့မှာ ကျယ်ပြန့်စွာ တွေ့ရှိခဲ့ရပြီး အစုလိုက်အဖွဲ့လိုက် နေထိုင်တဲ့ မြင်းကျားမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ဒါအပြင် လူတွေနဲ့ လိုက်လျောညီထွေ နေတတ်ကြပြီး ပေါ့ပါးတဲ့ Quagga မြင်းကျားတွေဟာ တဖြည်းဖြည်းနဲ့ တန်ဖိုး မြင့်တက်လာပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/45/4523049a5334d808f20da834d7d4db199b284048.jpg

Quagga တို့ရဲ့ အရေခွံ နဲ့ အသားဟာ ၁၈ ရာစုနှောင်းပိုင်းမှာ ဈေးအများဆုံး အမဲသားတစ်မျိုး ဖြစ်လာခဲ့ပါတယ်။ ဖမ်းဆီးသတ်ဖြတ်မှုများစွာရှိခဲ့ပြီး ကုန်ကြမ်းသယ်ယာဉ်အဖြစ် အသုံးပြုဖို့ မွေးမြူသူများလည်း ရှိခဲ့ပါတယ်။ တော‌ရိုင်းတောင်ရိုင်းတွေမှာ အလေ့ကျ နေထိုင်ကျက်စားကြတဲ့ Quagga တို့ကို တိရစ္ဆာန်‌ရုံတွေမှာ ပြသဖို့ ဖမ်းဆီးချုပ်နှောင်မှုတွေ ရှိခဲ့ပြီး လန်ဒန် တိရစ္ဆာန်ရုံကို ရောက်သွားတဲ့ Quagga တစ်ကောင်ကတော့ ၂၁ နှစ် နဲ့ ၄ လကြာပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ အရင်ခေတ်က နည်းပညာာတွေလည်း ထင်သလောက် မတိုးတက်သေးတာကြောင့် Quagga တွေရဲ့ ဘဝသက်တမ်း နဲ့ DNA အတိအကျကိုတော့ မသိရှိခဲ့ရဘူးပဲ ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T