ညဘက်မှာ အမြင်အာရုံအားနည်းတဲ့ ထူးထူးခြားခြား Appaloosa မြင်း

//s9.kh1.co/d5/d531a2c5a863dd2099e4c34af76dc926d4741b00.jpg
MPT

 ၀၄-မေ-၂၀၂၄ ၆pm · လွန်ခဲ့သော ၁၄ ရက် က

ညဘက်မှာ အမြင်အာရုံအားနည်းတဲ့ ထူးထူးခြားခြား Appaloosa မြင်း

Appaloosa မြင်းကတော့ အခြားမြင်းတွေနဲ့မတူတဲ့ ထူးခြားတဲ့ခန္ဓာကိုယ်အရောင်ကြောင့် လူသိများ ထင်ရှားတဲ့ အမေရိကန်မြင်းမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ထူးခြားစွာ ခန္ဓာကိုယ် အပေါ်ပိုင်းရင်ဘတ်ပိုင်းထိက အနက်ရောင် သို့မဟုတ် အညိုရောင် ရှိပြီး ခန္ဓာကိုယ်အောက်ပိုင်းကတော့ အဖြူရောင် အရေပြားပေါ်မှာ အမဲရောင် အစက်အပြောက်လေးများနဲ့ အဆင့်တန်းမြင့်မြင့် ဖွဲ့စည်းထားပါတယ်။ Appaloosa မြင်းတွေဟာ equine coat colour မျိုးရိုးဗီဇကို လေ့လာသူတွေအတွက် အသုံးဝင်တဲ့အပြင် ထူးထူးခြားခြား ညဘက်မှာ အမြင်အာရုံ အားနည်းကြတဲ့ မြင်းမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/57/57e8abc2231e6fee577872509dc1a60b402997e0.jpg

ဦးခေါင်းပိုင်းမှာ အဖြူရောင် သို့မဟုတ် အနက်ရောင် အသက်အပြောက်တို့ ရှိတတ်ပြီး အခြားမြင်းမျိုးစိတ်တွေမှာ မမြင်ရတဲ့ အဖြူရောင် မျက်ဖြူတစ်လုံးပါရှိကြပါတယ်။ ကြီးမားတဲ့ မြင်းအမျိုးအစားတစ်ခုဖြစ်ပြီး အလေးချိန်မှာ ပျမ်းမျှ ၉၅၀ မှ ၁၂၅၀ ပေါင် နဲ့ အမြီးအထိအရှည်မှာ ၅၆ မှ ၆၄ လက်မ ရှိကြပါတယ်။ Appaloosa မြင်းတွေကို အနောက်ပိုင်းမြင်းစီးနင်းခြင်းမှာ ကျယ်ပြန့်စွာ အသုံးပြုခဲ့ပါတယ်။ လတ်ဆတ်တဲ့ မြက်ခင်းစိမ်းများ ၊ အရေအသွေးပြည့်မြက်ခြောက်များ ၊ အစေ့အဆန်များနဲ့ အချို့သော သစ်သီးများ နဲ့ ဟင်းသီးဟင်းရွက်တို့ကို စားသုံးကြပါတယ်။ သန်မာပြီး အားကောင်းတဲ့ Appaloosa မြင်းတွေဟာ ဗီတာမင် နဲ့ သတ္တုဓာတ်‌တို့ ကြွယ်ဝစွာ ပြည့်ဖို့ လိုအပ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/41/41eb2c4f1751b5b84e2ca1698ec3504cdab252ef.jpg

Appaloosa မြင်းတွေဟာ လူချမ်းသာတွေရဲ့ ဇိမ်ခံမြင်းတစ်မျိုးဖြစ်ပြီး တန်ဖိုးကြီးတဲ့အပြင် မြိုင်းပြိုင်ပွဲတွေမှာ အသုံးပြုကြတာကြောင့် အသား နဲ့ ကုန်ကြမ်းသယ်အပိုင်းမှာတော့ အသုံးမပြုကြဘူးပဲ ဖြစ်ပါတယ်။ စနစ်တကျ မွေးမြူထားကြတဲ့ Appaloosa မြင်းတွေဟာ သန်မာကြတာကြောင့် ပျမ်းမျှဘဝသက်တမ်းမှာ ၂၅ နှစ် မှ ၃၅ နှစ်ကြား ရှင်သန်နိုင်ကြပါတယ်။ Appaloosa မြင်းရဲ့ ထူးခြားတဲ့ အရောင်အဆင်းတွေထဲမှ အနက်ရောင် Appaloosa ကတော့ အရှားပါးဆုံးနဲ့ အစစ်မှန်ဆုံးမြင်း မျိုးစိတ်ပဲ ဖြစ်ပါတယ်။ ထူးခြားချက်တွေ ပြည့်နေတဲ့ Appaloosa မြင်းတစ်ကောင်ဟာ ဒေါ်လာ ၁၀၀၀ မှ ဒေါ်လာ ၁၀၀၀၀ ကြား တန်ကြေး ပေးရတဲ့ တန်ဖိုးကြီး မြင်းမျိုးစိတ်လေးတစ်မျိုးပဲ ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T