ကြာပွတ်လို အမြီးပါတဲ့ ပါးစပ်ပြဲငါးရှဉ့်

//s9.kh1.co/1a/1adfd7c9d213abd624fcbd467bc31f07f0aae272.jpg
MPT

 ၀၄-မေ-၂၀၂၄ ၄pm · လွန်ခဲ့သော ၁၄ ရက် က

ကြာပွတ်လို အမြီးပါတဲ့ ပါးစပ်ပြဲငါးရှဉ့်

Pelican ငါးရှဉ့်ကတော့ genus Eurpharynx နဲ့ Eurpharyngidae မျိုးစုက ဆင်းသက်လာပြီး ထူးခြားတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် လူသိများတဲ့ ရေနက်နေ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီပင်လယ်ငါးရှဉ့်တွေကို ‌သမုဒ္ဒရာအားလုံးရဲ့ သမပိုင်း နဲ့ အပူပိုင်းဒေသတွေမှာ တွေ့ရလေ့ ရှိပါတယ်။ ယေဘုယျအားဖြင့် အရွယ်အစားသေးတဲ့ ငါးရှဉ့်မျိုးစိတ်တစ်မျိုးဖြစ်တဲ့ Pelican ငါးရှဉ့်တွေဟာ အများဆုံး အရှည် ၁ မီတာ သာရှိကြပါတယ်။ Pelican ငါးရှဉ့်တွေရဲ့ အခြားငါးရှဉ့်တွေနဲ့မတူတဲ့ ထူးခြားတဲ့ အင်္ဂါရပ်ကတော့ ဒီငါးရှဉ့်တွေဟာ ၎င်းတို့ ကိုယ်ထည်ထက်ကြီးမားတဲ့ တြိဂံပုံ ပါးစပ်ကြီး ပါရှိတာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/f0/f040012f55496761171c5379703ec3c8f9f5d41c.jpg

ပျော့ပျောင်းပြီး ချောမွတ်တဲ့ အရေပြားရှိတဲ့ Pelican ငါးရှဉ့်တွေရဲ့ ပါးစပ်ဟာ သူ့ထက် ၃ဆလောက်ကြီးတဲ့ ငါကြီးတွေကိုပါ မျိုနိုင်လောက်တဲ့အထိ ကျယ်ပါတယ်။ ပုံမှန်အားဖြင့် ခေါက်ထားတဲ့ ပါးစပ်‌အောက်က အိတ်ဟာ သားကောင်ကို အမဲလိုက်ပြီးနောက် မျိုချတဲ့အခါ ပြန်ပြီး ဖောင်းလာပြီး ကြီးမားတဲ့ လည်ဇလုတ်ပုံသဏ္ဍာန် ရှိနေပါတယ်။ ဒါအပြင် Pelican ငါးရှဉ့်တွေမှာ ရှည်လျားတဲ့ ကြာပွတ်ပုံစံ အမြီးရှည် ပါရှိပြီး သားကောင်ကို ဖမ်းကာ ချုပ်စားဖို့အတွက် အသုံးပြုလေ့ ရှိပါတယ်။ အနက်ရောင် သို့မဟုတ် သံလွင်ဆီအရောင်ရှိတတ်ကြပြီး အလင်းရောင်နည်းတဲ့ ရေအောက် အကာအကွယ်ရှိတဲ့ နေရာတွေမှာ နေထိုင်တတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/d5/d50cfa77c5d5b0edc710e5d097a22a4a82cd4b0d.jpg

Pelican ငါးရှဉ့်တွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ရဲ့ လေးပုံတစ်ပုံရှိတဲ့ ပါးစပ်ကြီး ရှိပေမယ့် သေးငယ်တဲ့ သွားငယ်တွေသာ ပါရှိတာကြောင့် ကြီးမားတဲ့ ငါးတွေကို မျိုချနိုင်ပေမဲ့ မဝါးနိုင်ကြပါဘူး။ ဒါကြောင့် ပုစွန်ဆိတ်များ ၊ ကျောရိုးမဲ့ ရေနေသတ္တဝါငယ်များ ၊ ငါးငယ်များ နဲ့ ပြည်ကြီးငါးတို့ကို အဓိက စားသုံးကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ Pelican ငါးရှဉ့်တွေမှာ ပင်လယ်ရေအောက်မှာ သီးခြားတစ်ကောင်တည်း နေထိုင်တတ်ကြပြီး အများဆုံး ၈၅ နှစ်အထိ ရှင်သန်နိုင်ကြပါတယ်။ ပုန်းကွယ်နေတတ်ပြီး တစ်ကောင်ချင်းစီသာ ရှိတဲ့ Pelican ငါးရှဉ့်လေးတွေကတော့ ရှာတွေ့ဖို့ ခက်ပြီး လက်ရှိမှာတော့ အကောင်အရေအတွင် အတိအကျကို မသိရှိရသေးပေမဲ့ မျိုးသုန်းပျောက်ကွယ်မဲ့ အန္တာရာယ်တော့ မရှိသေးဘူးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/df/df203d1b05c07dee5800f58beb5048e35c1f8d80.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T