အကောင်သေးပေမယ့် လျော့တွက်လို့မရတဲ့ Mimic ရေဘဝဲ

//s9.kh1.co/cf/cf42a932e36902a29d6cb934c2b27fddc4394daa.jpg
MPT

 ၀၄-မေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၄ ရက် က

အကောင်သေးပေမယ့် လျော့တွက်လို့မရတဲ့ Mimic ရေဘဝဲ

သိပ္ပံနာမည် Thaumoctopus mimicus လို့ခေါ်တဲ့ Mimic octopus တွေဟာ အင်ဒို-ပစိဖိတ်ဒေသမှာ ကျယ်ပြန့်စွာ တွေ့ရှိရတဲ့ ရေဘဝဲမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ Mimic octopus တွေဟာ သူတို့နေထိုင်တဲ့ နေရာအလိုက် အရေပြားအရောင်ကို ပြောင်းလဲနိုင်တဲ့ Chromatophores ပါရှိတာကြောင့် အတုခိုးရေဘဝဲလို့ ခေါ်တာပဲ ဖြစ်ပါတယ်။ ပင်လယ်ရေနက်က သဲ‌ပြင်တွေနဲ့ ကျောက်ဆောင် ၊ သန္တာကျောက်တန်းတွေကြားမှာ သဏ္ဍာန်တူ ပုန်းကွယ်နေတတ်တဲ့ Mimic octopus ‌တွေဟာ သေးငယ်တာကြောင့် တွေ့ဖို့ ခဲယဉ်းတဲ့ ရေဘဝဲမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/90/90a7c40fe5f6750edb25faa026d564570e200bb3.jpg

ဦးခေါင်းထိပ်က ထိုးထွက်နေတဲ့ မျက်စိနှစ်လုံး ပါရှိပြီး အကျယ်ဆုံး ခဲတံအချင်းသာ ရှိတဲ့ လက်တံရှည်တွေ ပါရှိကြပါတယ်။ လက်တံတွေမှာ ၂ ပေကျော်အထိ ရှည်နိုင်တာကြောင့် တစ်နေရာက တစ်နေရာ ကူးပြောင်းဖို့ သူတို့ရဲ့ လက်တံတွေကို အသုံးပြုကြပါတယ်။ အများအားဖြင့် Mimic octopus တွေဟာ အညိုရောင်ဖျော့ဖျော့ အဝါရောင်ဖျော့ဖျော့ အရောင်တို့ ရှိပြီး အခြားအဆိပ်ရှိ ပင်လယ်သတ္တဝါ မျိုးစိတ်တို့နဲ့ တုပပြီး အန္တာရာယ်ရှိသယောင် ဟန်ဆောင် နေတတ်ကြပါတယ်။ ငါးငယ်များ ၊ ကျောရိုးမဲ့ ရေနေသတ္တဝါများ နဲ့ ပုစွန်ဆိတ်တို့ကို အဓိက စားသုံးလေ့ရှိပြီး ပျမ်းမျှ ဘဝသက်တမ်းကို အတိအကျ မသိရသေးပေမယ့် တစ်နှစ် မှ နှစ်နှစ်အထိ ရှင်သန်နိုင်တယ်လို့ ယူဆရပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/a3/a30ee9e898dbce9027681626e33131264ed9e357.jpg

ဒီ Mimic octopus ကို အင်ဒိုနီးရှားနိုင်ငံ ၊ Sulawesi ကမ်းရိုးတန်းအနီးမှာ ၁၉၉၈ ခုနှစ်တွင် ပထမဆုံး စတင်တွေ့ရှိခဲ့ပါတယ်။ Mimic octopus တွေဟာ ၁၅ မီတာ ( ၄၉ ပေ ) အနက်ရှိတဲ့ ပင်လယ်ကြမ်းပြင် နုန်းများရှိတဲ့ နေရာမှာ အများဆုံးနေထိုင်ကြပြီး ပုံစံတူ တု‌ပနေထိုင်ခြင်းဟာ Mimic ရေဘဝဲတွေရဲ့ အပိုင်အနိုင်ဆုံး ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။ အကောင်သေးပေမယ့် သူတို့ရဲ့ အတုယောင်ပုံပြောင်းနိုင်တာကြောင့် ရှာတွေ့ဖို့ခက်ပြီး အဆိပ်ရှိရေဘဝဲများနဲ့ အထင်မှားလေ့ရှိပါတယ်။ ဒါကြောင့် Mimic ရေဘဝဲတွေက လျော့တွက်လို့မရပဲ ဉာဏ်ထက်မြက်တဲ့ ‌အသေးစား ရေဘဝဲမျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/2f/2f6d34d94614a67bb3c7fbc8c5577227b4f9f666.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T