မျိုးသုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ငါးတို့ရဲ့ဘုရင်

//s9.kh1.co/5f/5f76b9d0ff1ae7aa6c26ccde295559c00a01dd2d.jpg
MPT

 ၂၅-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၀ ရက် က

မျိုးသုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ငါးတို့ရဲ့ဘုရင်

သိပ္ပံနာမည် Dinichthys terrelli လို့ခေါ်တဲ့ Dunkleosteus ငါးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်ကတည်းက ရှိခဲ့ပြီး မာကျောတဲ့အရိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ သံချပ်ကာငါးမျိုးစိတ် ( Arthrodire ) မှ လာတဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ နက်ရှိုင်းတဲ့ ပင်လယ်ရေအောက် အနက်များမှာ နေထိုင်ကြပြီး ဂေဟစနစ်ရဲ့ အရေးပါတဲ့ ထိပ်တန်း မျိုးစိတ်ပဲ ဖြစ်ပါတယ်။ Dunkleosteus မျိုးမှာ မျိုးခွဲပေါင်း ၁၀ခု ပါဝင်ပြီး Dinichthys terrelli ကတော့ ဒုတိယအကြီးဆုံး ငါးပဲ ဖြစ်ပါတယ်။ ခန့်မှန်းချက်တွေအရ ပျမ်းမျှ ခန္ဓာကိုယ်အရှည်မှာ ၄ မီတာ မှ ၁၀ မီတာ ( ၁၃ ပေ မှ ၃၃ ပေ ) အထိ ရှိတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/93/934acfeb2237bbacedf8d0187cd9e2ee0fac46d1.jpg

Dinichthys terrelli တွေဟာ ကြီးမားတဲ့ မေးရိုးများပါရှိပြီး အလွယ်တကူ ဖွင့်ပိတ်နိုင်တဲ့အပြင် လျင်မြင်တဲ့ ရေကူးစွမ်းအင်ပါရှိတာကြောင့် ငါးတို့ရဲ့ ဘုရင်လို့တောင် ခေါ်ကြပါတယ်။ သူ့ထက် အရွယ်အစားငယ်တဲ့ ရေနေသတ္တဝါတိုင်းကို စားသုံးနိုင်ပြီး ၁ မီတာ အဝေးက သားကောင်ကိုတောင် စုပ်ယူနိုင်စွမ်း ရှိတဲ့ ကြီးမားတဲ့ ငါးမျိုးစိတ်ပဲ ဖြစ်ပါတယ်။ အခြားငါးတွေနဲ့ မတူဘဲ သူတို့ရဲ့ ဦးခေါင်းခွံအရိုးဟာ အထူ ၂ လက်မကျော် ရှိတယ်လို့ ဖော်ပြထားပြီး နို့တိုက်သတ္တဝါတို့ရဲ့ အရိုးလောက် သန်မာတယ်လို့ ဆိုကြပါတယ်။ Dinichthys terrelli ငါးရဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေကို မြောက်အမေရိက ၊ ပိုလန် ၊ ဘယ်လ်ဂျီယံ နဲ့ မောရိုကို တို့မှာ တွေ့ရှိခဲ့တာကြောင့် ထိုဒေသတွေမှာ သူတို့ရဲ့ ‌ဇာတိဒေသတွေ ဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/cd/cdeabbe1bd8812140e8abb2d0724515697dfe388.jpg

လက်ရှိမှာတော့ မျိုးသုန်းပျောက်ကွယ်သွားပြီဖြစ်ပြီး သုတေသီတို့ကတော့ Dinichthys terrelli ငါးတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေလျက် ရှိပါတယ်။ ဓာတ်ပုံမှတ်တမ်းများ အလွန်နည်းတဲ့ ဒီငါးတွေရဲ့ အကြောင်းကို နောင်လာနောင်သားတို့ သိရှိဖို့ ကြိုးပမ်းလျက်ရှိပြီး အကောင်အရေအတွက် နဲ့ ငါးတကိုယ်လုံး ပုံသဏ္ဍာန်ကိုတော့ ခန့်မှန်းချေသာ သိရပါသေးတယ်။ ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း ရှားပါးငါးမျိုးစိတ်‌ဖြစ်တဲ့အပြင် ကြီးမားတဲ့ မေးရိုးတွေကြောင့် Dinichthys terrelli ငါးဟာ လူတို့ရဲ့ အမဲလိုက်ဖမ်းဆီးမှုများစွာကို ခံစားခဲ့ရပါတယ်။ Cleveland သဘာဝသမိုင်းပြတိုက်မှာ Dinichthys terrelli ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ပြသထားတာ‌ကြောင့် သွားရောက် လေ့လာလို့လည်း ရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/1c/1c5866850b2be2a0b45a636b2c6521ff65d63309.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T