အိမ်လုပ် ဖက်ထုပ်ပြုတ်ချိုချိုလေး လုပ်စားကြ‌ရအောင်

//s9.kh1.co/df/dfbe5b2207d253960e6534b445d447312899bb3d.jpg
MPT

 ၂၄-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၂ ရက် က

အိမ်လုပ် ဖက်ထုပ်ပြုတ်ချိုချိုလေး လုပ်စားကြ‌ရအောင်

ခုလို ပူပြင်းပြီး ‌မီးတွေပျက်တဲ့ နွေရာသီမှာ လုပ်ရလွယ်ပြီး စားလို့ကောင်းတဲ့ ဖက်ထုတ်ပြုတ်ချိုချိုလေးကို တစ်ခါလောက် လုပ်စားကြည့်ရအောင်

ဖက်ထုပ်ပြုတ်ချိုချိုလေး ရဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

၁။ ကြက်သား ၊ ဖက်ထုပ်ရွက်

၂။ ကြက်သွန်ဖြူ ၊ ဂျင်း ၊ ဟင်းခတ်မှုန့်

၃။ အကြည်‌ရည် ၊ ပဲငံပြာရည်

၄။ ကြက်သွန်မိတ် ၊ ရေ အနည်းငယ်

၅။ ငရုတ်ကောင်း ၊ ကြက်ဥ

၆။ ဂျုံ ၊ သကြား တို့ပဲ လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/7d/7d8f7b14cdae429652f60bd9f633913fdd8564d4.jpg

အရင်ဆုံး ကြက်သားကို ရေဆေးပြီး နုတ်နုတ်စင်းပါမယ်။ ပြီးရင်တော့ ပန်းကန်လုံးထဲ ထည့်လိုက်ပါမယ်။ ကြက်ဥအနည်းငယ် ထည့်ပါမယ်။ ဂျုံအနည်းငယ် ထည့်ပါမယ်။ ကြက်သွန်ဖြူ နဲ့ ဂျင်းကို တပြားရိုက်ပြီး ပါးပါးလှီးပါမယ်။ ကြက်သားရှိတဲ့ ပန်းကန်လုံးထဲကို ထည့်လိုက်ပါမယ်။ ငရုတ်ကောင်း ထည့်ပြီး ရောနယ်ပါမယ်။ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါမယ်။ အားလုံး ရောနယ်ပြီးရင်တော့ ဖက်ထုပ်ရွက်ပေါ် အသားနယ်ထားတာလေးကို တင်လိုက်ပါမယ်။

https://s9.kh1.co/__image/w=650,h=342,q=100/dc/dc930d253a89d50ea1663c51e618d9c4cc321836.jpg

အသားတွေ အပြင်မထွက်အောင် ဖက်ထုပ်ရွက်နဲ့ ဖိပိတ်ပါမယ်။ ဖက်ထုပ်လေးတွေ အဆင်သင့် ရနေပြီဆိုရင်တော့ ဒယ်အိုးကို ဖွင့်ပြီး ရေနွေး တည်လိုက်ပါမယ်။ ရေနွေးဆူလာပြီဆိုရင် ကြက်သွန်ဖြူ ၊ ဂျင်း တပြားရိုက်ပြီး ထည့်ပါမယ်။ ဖက်ထုပ်တွေ အိုးထဲ ထည့်လိုက်ပါမယ်။ အကြည်ရည် တစ်ဇွန်း နဲ့ ပဲငံပြာရည် အနည်းငယ်လေး ထည့်ပါမယ်။ ချိုချိုလေးနဲ့ စားလို့ကောင်းအောင် သကြား အနည်းငယ် ထည့်ပါမယ်။ ဆူပွတ်သွားအောင် ခဏ အဖုံး အုပ်ထားပါမယ်။ မိနစ် ၃၀ လောက်ကြာရင်တော့ အရမ်းကို စားလို့ကောင်းတဲ့ ဖက်ထုပ်ပြုတ်ချိုချို ပူပူနွေးနွေးလေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ပိုပြီး ပြည့်စုံသွားအောင် ကြက်သွန်မိတ်လေးတွေ ညှပ်ပြီး အပေါ်မှာ တင်လိုက်ပါမယ်။ လူကြီးမိဘ တွေလည်း အကြိုက်မို့လို့ တစ်ခါလောက်တော့ လုပ်စားကြည့်ကြပါနော်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T