ဂျပန်နိုင်ငံက အလှပဆုံး နဲ့ အသေအပျောက်အများဆုံး Kegon ရေတံခွန်

//s9.kh1.co/22/2200d7439920020a9b7abd9bf93754c0ba15e7f5.jpg
MPT

 ၂၄-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၁၂ ရက် က

ဂျပန်နိုင်ငံက အလှပဆုံး နဲ့ အသေအပျောက်အများဆုံး Kegon ရေတံခွန်

Kegon ရေတံခွန်ဟာ ဂျပန်နိုင်ငံရဲ့ အလှပဆုံး ရေတံခွန် ၃ ခုထဲက တစ်ခုဖြစ်ပြီး Nikko အမျိုးသားဥယျာဉ် က Okunikiko ဒေသရှိ Chuzenji ရေကန်အနီးမှာ တည်ရှိပါတယ်။ Kegon ရေတံခွန် နဲ့ Chuzenji ရေကန်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ ကတည်းက Nantai မီးတောင် ပေါက်ကွဲပြီးနောက် တောင်များပြိုကာ Daiya မြစ် ‌ရေစီးကြောင်း ပိတ်သွားတဲ့အချိန်မှာ ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အမြင့် ၉၇ မီတာ ရှိပြီး အောက်ခြေ ၄.‌၅ မီတာ နက်တဲ့ ချိုင့်ခွက်ထဲကို တစ်စက္ကန့်မှာ ပျမ်းမျှ ရေ ၃ တန်ကျဆင်းတယ်လို့ ဆိုကြပါတယ်။ နွေဦးရာသီမှာတော့ ဆီးနှင်းခဲများ အရည်ပျော်လာတာနဲ့အမျှ ရေပမာဏ ပိုများနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/15/15c8c7dcaafef60388713aae28846ae5a5f4bf2e.jpg

Kegon ရေတံခွန်ကို ၈ ရာစုမှာ ဘုန်းတော်ကြီးတစ်ဦးဖြစ်တဲ့ Shodo Shonin က စတင် ရှာဖွေတွေ့ရှိခဲ့ပြီး အင်္ဂလိပ်လို Flower Garland Sutra လို့‌ခေါ်တဲ့ ဗုဒ္ဓဘာသာ Kegon Sutra ကို အစွဲပြုပြီး Kegon ရေတံခွန်လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့တယ်လို့ ဒေသခံတို့က ဆိုပါတယ်။ ဒါအပြင် ကြီးမားတဲ့ တောအုပ်ကြီး ပတ်ပတ်လည် ဝန်းရံထားတဲ့ Kegon ရေတံခွန်ဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကြောင့် အဆင့်အတန်း မြင့်မားကာ ဓာတ်လှေကားများနဲ့တက်ပြီး ရေတံခွန်ကို အနီးကပ် ကြည့်ရှုလေ့လာနိုင်ပါတယ်။ ရေတံခွန်အနီးဝန်းကျင်မှာလည်း ဈေးဆိုင်တန်းများရှိပြီး ရင်သပ်ရှုမောဖွယ် ရှုခင်းတွေနဲ့ Kegon ရေတံခွန်ရဲ့ အလှကို ခံစားဖို့ ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်ကြပြီး ‌နိုင်ငံခြားဝင်ငွေ များစွာလည်း ရရှိလျက် ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/b2/b24513d23b37ab1e969c62447314387c441c0052.jpg

ဒီလို ရင်သပ်ရှုမောဖွယ် ရှုခင်း ၊ လတ်ဆတ်တဲ့ တောတောင်လေ တို့နဲ့ ပြည့်စုံနေတဲ့ Kegon ရေတံခွန်ဟာ ကမ္ဘာပေါ်‌က အန္တာရာယ်အများဆုံး ရေတံခွန်ထဲက တစ်ခုအပါအဝင် ဖြစ်နေတာ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ Kegon ရေတံခွန်ဟာ ကမ္ဘာပေါ်က အသေအပျောက်အများဆုံး ရေတံခွန်ထဲက နံပါတ် ၇ နေရာမှာ ရပ်တည်နေတဲ့ ရေတံခွန်တစ်ခုပဲ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀ ကျော် သေကြောင်းကြံမှု ရှိတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားပြီး Kegon ရေတံခွန်မှာ မတော်တဆမှုတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ လူများစွာလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ အလှဆုံးရေတံခွန်တစ်ခုဖြစ်တဲ့ Kegon ရေတံခွန်ကို သွားတဲ့အခါ ဂရုတစိုက်လေး သွားဖို့တော့ လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/77/778c11d1c84cfcd26101542f0633859a8a518d55.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T