တစ်နာရီကို မိုင် ၄၀ ပြေးနိုင်တဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးသစ်ကုလားအုတ်

//s9.kh1.co/a0/a026ec3b8f8c1d6a5cc68bf6d134f8bf18dca199.jpg
MPT

 ၁၂-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂၀ ရက် က

တစ်နာရီကို မိုင် ၄၀ ပြေးနိုင်တဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးသစ်ကုလားအုတ်

Mesai သစ်ကုလားအုတ်တွေကို အရှေ့အာဖရိကမှာ စတင်တွေ့ရှိခဲ့ပြီး ကင်ညာအလယ်ပိုင်း နဲ့ တောင်ပိုင်း ၊ တန်ဇန်းနီးယားနိုင်ငံတို့မှာ တွေ့ရပါတယ်။ ဒီသစ်ကုလားအုတ်တွေဟာ ရှည်လျားတဲ့ လည်ပင်း ၊ ထူးခြားတဲ့နားရွက် ၊ အညို နဲ့ အဖြူ အချိုးကျကျ ရောစပ်ထားတဲ့ အကွက်‌နဲ့ ခန္ဓာကိုယ်အရေပြား တို့ကြောင့် နာမည်ကြီးပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်ကအရပ်အရှည်ဆုံး ကုန်းနေသတ္တဝါ ဖြစ်ပြီး သူတို့ရဲ့ လည်ပင်းဟာ ပျမ်းမျှ ၆ ပေ ဝန်းကျင်တောင် ရှည်ကြပါတယ်။ ခြေထောက်မှ ဦးခေါင်းထိပ်ထိ အရှည် ၁၈ ပေ အထိ ရှိကြပြီး အလေးချိန် ၁၃၀၀ ကီလိုဂရမ် ( ပေါင် ၂၉၀၀ ) လောက် လေးပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/18/18ec1cb1a2a051a0a490b00248212182a135970b.jpg

သူတို့ရဲ့ ရှည်လျားတဲ့ လည်တိုင်ကြောင့် အခြားတိရစ္ဆာန်တွေ လက်လှမ်းမမှီတဲ့ မြင့်မားတဲ့ သစ်ပင်က အရွက်တွေကိုပါ စားနိုင်ကြပါတယ်။ Mesai သစ်ကုလားအုတ်တို့ရဲ့ ဦးခေါင်းထိပ်မှာ ossicones လို့ခေါ်တဲ့ အရိုးနှစ်ခုပါရှိပြီး ဘေးပတ်ပတ်လည်မှာ ထူထပ်တဲ့ အနက်ရောင် အမွေးတို့နဲ့ ဖုံးအုပ်ထားပါတယ်။ ဒီ သစ်ကုလားအုတ်‌တွေဟာ တစ်နာရီကို ၆၄ ကီလိုမီတာ ( မိုင် ၄၀ ) နီးပါး အမြန်နှုန်းအထိ ပြေးနိုင်ကြပြီး အသက် ၃၀ နှစ် ဝန်းကျင် ရှင်သန်နိုင်ပါတယ်။ ကမ္ဘာ့ အရပ်အရှည်ဆုံး နဲ့ အကြီးဆုံး သစ်ကုလားအုတ်မျိုးစိတ်ဖြစ်တဲ့ Mesai သစ်ကုလားအုတ်တွေဟာ တစ်နေ့ကို ရေ ၁၀ ဂါလံ သောက်နိုင်ပြီး အပြေးမြန်တဲ့ သစ်ကုလားအုတ်မျိုးစိတ် တစ်ခုပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/1f/1f8b6e687ffd9d729366f58a7309907583ef4f76.jpg

ထူးခြားချက်ကတော့ အရွယ်ရောက်ပြီးတဲ့ Mesai သစ်ကုလားအုတ်တွေဟာ မတ်တပ်ရပ်ပြီး အိပ်ကြပါတယ်။ ရှည်လျားတဲ့အရပ် ၊ ဂန္ဓဝင်ဆန်တဲ့ အရေပြားအကွက် ၊ ဦးခေါင်းထိပ်က အရိုးနှစ်ခုတို့ကြောင့် Mesai သစ်ကားအုတ်တွေဟာ လးတို့ရဲ့ စီးပွားရေးပစ်မှတ်တစ်ခု ဖြစ်ခဲ့ပြန်ပါတယ်။ စည်းကမ်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် Mesai သစ်ကုလားအုတ်အရေအတွက် များစွာ လျော့နည်းခဲ့ရပြီး IUCN ရဲ့ Red list ထဲမှာ ပါဝင်ခဲ့ပါတယ်။ မျိုးသုန်းမယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ Mesai သစ်ကုလားအုတ်တွေဟာ စစ်တမ်းတွေအရ အကောင်ရေ ၃၅၀၀၀ သာ ကျန်ရှိတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/65/655ee77a63bd3ea4472fe2e170461e60701f2569.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T