အမက မျိုးဥ‌လွှဲပြောင်းပြီး အထီးကိုမွေးဖွားစေတဲ့ ကမ္ဘာ့အကြီးဆုံး ရေနဂါး

//s9.kh1.co/ee/ee06f85dfd4ce5fa76a0e53d1a407eea621d77dd.jpg
MPT

 ၀၁-မေ-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်နှစ် က

အမက မျိုးဥ‌လွှဲပြောင်းပြီး အထီးကိုမွေးဖွားစေတဲ့ ကမ္ဘာ့အကြီးဆုံး ရေနဂါး

Big belly seahorse လို့ခေါ်တဲ့ ‌ရေနဂါးကတော့ ကမ္ဘာပေါ်က အကြီးဆုံး ရေနဂါးမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ပင်လယ်မြင်းလို့လည်း ခေါ်ကြပြီး သိပ္ပံနာမည်ကတော့ Hippocampus abdominalis လို့ ခေါ်ပါတယ်။ ကြီးမားတဲ့ ဗိုက်ပူပူကြောင့် လူသိများ ထင်ရှားပြီး ဩစတေးလျပင်လယ်ပြင်တွေမှာ ကျယ်ပြန့်စွာ တွေ့ရနိုင်ပါတယ်။ Syngnathidae မိသားစုက ဆင်းသက်လာပြီး အများဆုံးအရှည် ၃‌၅ စင်တီမီတာ ( ၁၄ လက်မ ) ‌ဝန်းကျင် ရှိပါတယ်။ အများအားဖြင့် ပင်လယ်ရေအနက် ၅၀ မီတာ ( ၁၆၀ ပေ ) ဝန်းကျင်မှာ တွေ့ရပြီး ရေညှိများ ၊ ပင်လယ်‌မြက်များ ၊ ပင်လယ်ရေမှော်များ နဲ့ ရေတိမ်ပိုင်းက ကျောက်ဆောင် ကျောက်တန်း ၊ သန္တာကျောက်တန်းများကြားမှာ နေထိုင်လေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/94/9440631c0777abc04f77a860df897488a8267c1a.jpg

သေးငယ်တဲ့ Big belly seahorse အကောက်ပေါက်တွေဟာ သေးငယ်လွန်းတာကြောင့် ပင်လယ်ရေမှော်နဲ့အတူ မျောလွင့်နေတတ်ကြပါတယ်။ ရှည်လျားတဲ့ နှာတံပါရှိတဲ့ ဦးခေါင်း ၊ ဝမ်းဗိုက်က ပူထွက်နေတဲ့ ဗိုက် ၊ ရှည်လျားတဲ့ ဆံထုံးပုံစံ အမြီးတို့ ပါရှိပါတယ်။ သေးငယ်တဲ့ ပါးစပ်သာပါရှိတဲ့ ဝမ်းဗိုက်ပူ‌ရေနဂါးတွေဟာ ပင်လယ်ရေမှော်တွေနဲ့ ကျောရိုးမဲ့ ပုစွန်ကဲ့သို့ ရေနေသတ္တဝါလေးများကို အဓိက စားသုံးကြပါတယ်။ Big belly seahorse အထီးတွေရဲ့ ဆူးတောင်ဟာ ပင်လယ်မြင်းအမတွေရဲ့ ဆူးတောင်ထက် ပိုသေးကြပြီး မျက်လုံး နှစ်လုံးဟာ ဦးတည်ရာနေရာ နှစ်နေရာကို ခွဲဝေကြည့်ရှုနိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/f8/f8a9d3955512a6ad90329425c4cb8f96ccfe8c14.jpg

တစ်နှစ်ပတ်လုံး ပေါက်ဖွားနိုင်ကြပြီး ပူနွေးတဲ့ကာလတွေမှာတော့ မိတ်လိုက်နှုန်း ပိုများကာ မျိုးအောင်ထားတဲ့ Big belly seahorse အမဟာ အထီးရဲ့ ဝမ်းဗိုက်ကို ဖောက်ကာ ဥများကိုထည့်စေပါတယ်။ ဒါကြောင့် ဒီပင်လယ်မြင်းတွေဟာ ထူးထူးခြားခြား အထီးက မွေးဖွားတဲ့ မျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။ ပျမ်းမျှ ဘဝသက်တမ်းမှာ ၃ နှစ် မှ ၆ နှစ်အထိ ဖြစ်ပြီး အညိုနုရောင် ၊ မီးခိုးရောင် ၊ အနက်ရောင် အကွက်တို့နဲ့ မိကျောင်းကွက် လို အရေပြားအရောင် ရှိကြပါတယ်။ သေဆုံးသွားတဲ့အခါ ခြောက်ကပ်သွားတတ်ပြီး ခြောက်ကပ်နေတဲ့ Big belly seahorse တွေရဲ့ ခန္ဓာကိုယ်ကို တိုင်းရင်းဆေးမှာလည်း ထိထိရောက်ရောက် အသုံးနိုင်ပြီး ‌ကောင်းမွန်တဲ့ အာနိသင်များ ပါဝင်တဲ့ ရှားပါး ပင်လယ်မြင်းမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/08/080a2ca4898af48d11001cbdda5f3ecccefc13c3.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T