ထူးခြားတဲ့ နှုတ်ခမ်းမွှေးပုံအမြီးနဲ့ ရှားပါးငှက်မျိုးစိတ်

//s9.kh1.co/b5/b5a6cc345093bef67310c7e0f307e8ad2d30d842.jpg
MPT

 ၀၁-မေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ နှစ် က

ထူးခြားတဲ့ နှုတ်ခမ်းမွှေးပုံအမြီးနဲ့ ရှားပါးငှက်မျိုးစိတ်

Wilson's bird-of-paradise လို့ခေါ်တဲ့ Diphyllodes respublica ငှက်လေးကတော့ Paradisaea မိသားစုက ဆင်းသက်လာတဲ့ မျိုးစပ် ငှက်မျိုးစိတ်လေးတစ်မျိုးပဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှား နဲ့ Batanta ကျွန်းရှိ တောင်ကုန်း နဲ့ မြေနိမ့်မိုးသစ်တောပိုင်းတွေမှာ ကျယ်ပြန့်စွာ တွေ့ရပြီး ထူးခြားတဲ့ အရောင်အဆင်းကြောင့် လူသိများ ထင်ရှားပါတယ်။ သေးငယ်တဲ့ ငှက်မျိုးစိတ်ဖြစ်တဲ့ Diphyllodes respublica ငှက်တွေဟာ အရှည် ၁၆ စင်တီမီတာ ( ၆.၃ လက်မ ) ရှိပြီး အလေးချိန်ကတော့ ၅၃ မှ ၆၇ ဂရမ် ‌ရှိကြပါတယ်။ Paradise ငှက်အထီးတွေဟာ အမတွေထက် ပိုလှကြပြီး အနုမြူအပြာရောင် တောက်တောက် ဦးခေါင်း နဲ့ နီညိုရောင် အမွေးရှည် ၊ လည်ကုပ်ပေါ်က အ‌ဝါရောင်အမှတ် ၊ အပြာရောင်ခြေထောက်တို့ ပါရှိကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/60/60197c21291e04d709208137f3cc7a668c4f8ad9.jpg

ဒါအပြင် အမြီးရဲ့ အမြီး‌ပိုင်းမှာ ထိုးထွက်နေ‌ပြီး ကွေးကောက်နေတဲ့ " လက်ကိုင်ဘား- နှုတ်ခမ်းမွှေးပုံသဏ္ဍာန် " အမြီးတို့ ပါရှိပါတယ်။ Paradise ငှက်အထီးတွေဟာ မိတ်လိုက်ရာသီမှာ အမတွေကို ဆွဲဆောင်ဖို့အတွက် ကပြ‌ဖျော်ဖြေလေ့ရှိပြီး အိမ်ထောင်ဖက်ငှက်အမ ကို အထင်ကြီးစေပါတယ်။ သစ်သီးများ ၊ အင်းဆက်များ ၊ သစ်ရွက်သစ်ခေါက်များ နဲ့ အခြားကျောရိုးမဲ့သတ္တဝါငယ်တို့ကို စားသုံးကြပြီး သစ်ပင်ပေါ်တွေသာမက မြေပြင်မှာပါ အစာရှာဖွေလေ့ ရှိပါတယ်။ သစ်တောအနက်ပိုင်း နဲ့ အမြင့်ပိုင်းတွေမှာသာ တွေ့ရတတ်ပြီး သေးငယ်တာကြောင့် ရှာတွေ့ဖို့ ခဲယဉ်းတဲ့ ချစ်စရာ ငှက်မျိုးစိတ်လေးတစ်မျိုးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/d3/d32a43c5272033753acd9b5e6f859201b62eb1a9.jpg

ထူးခြားတဲ့ ဦးခေါင်းအရောင်ကြောင့် ညအချိန်မှာ အခြားငှက်တွေနဲ့ မတူဘဲ ပေါ်လွင်နေတတ်ပြီး ဒီ လှပပြီး ဆန်းပြားတဲ့ ဖွဲ့စည်းမှုကြောင့်ပဲ လူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ နှုတ်ခမ်းမွှေးပုံသဏ္ဍာန်အမြီး‌ နဲ့ အပြာရောင် ဦးခေါင်းတို့ကြောင့် Diphyllodes respublica ငှက်တို့ရဲ့ တန်ဖိုးမှာ များလာခဲ့ပြီး စည်းကမ်းမဲ့ ဖမ်းဆီးမှုများစွာ ရှိခဲ့ပါတယ်။ တောရိုင်းနေ ငှက်တစ်မျိုးဖြစ်တဲ့ Diphyllodes respublica တို့ဟာ လူတွေရဲ့ လက်ထဲမှာ ကြာကြာ မရှင်သန်နိုင်ကြပါဘူး။ သစ်တောပြုန်းတီးခြင်း ၊ ရာသီဥတု ဖောက်ပြားခြင်း ၊ လူတို့ရဲ့စည်းကမ်းမဲ့ ဖမ်းဆီးခြင်း ၊ ကျက်စားရာနေရာများ ဆုံးရှူံခြင်းတို့ကြောင့် Diphyllodes respublica ငှက်များစွာ ဆုံးရှုံးခဲ့ပြီး လက်ရှိမှာတော့ မျိုးတုန်းပျောက်ကွယ်ဖို့ အန္တာရာယ်ရှိတဲ့ ရှားပါးငှက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T