ခြင်ဟာ ဂေဟစနစ်အတွက် ဘာတွေအကျိုးပြုနိုင်လဲ

//s9.kh1.co/0b/0b8a03431711fef2b2c1a193712f00a06cb93a92.jpg
MPT

 ၀၁-မေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ နှစ် က

ခြင်ဟာ ဂေဟစနစ်အတွက် ဘာတွေအကျိုးပြုနိုင်လဲ

ခြင်မျိုးစိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ကမ္ဘာပေါ်မှာ စတင်တွေ့‌ရှိခဲ့တဲ့ ရှေးအကျဆုံး အင်းဆက်ပိုးမွှားမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း ၃၀၀၀ ထက်မနည်း ရှိတယ်လို့ ယူဆရပြီး မျိုးစိတ်ပေါင်း ၁၇၆ မျိုးကိုတော့ မြောက်အမေရိကခြမ်းမှာ တွေ့ရနိုင်ပါတယ်။ လက်သည်းခွံအရွယ်အစားလောက်သာရှိတဲ့ ခြင်တွေကို အန္တာတိကတိုက်မှ လွဲ ကမ္ဘာပေါ်က တိုက်ကြီးတိုင်းမှာ ကျယ်ပြန့်စွာ နေထိုင်ကြပါတယ်။ 
ခြင်မျိုးစိတ်တစ်ခုစီမှာ သူတို့ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာများ ပါရှိပြီး တစ်ခုစီမှာ အမျိုးမျိုးသော ရောဂါတွေကို သယ်ယူ ကူစက်နိုင်စွမ်းရှိတာကြောင့် အန္တာရာယ်ရှိတဲ့ အင်းဆက်မျိုးတွေပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/20/20074d4b6790added609820388e74d4ed64caf5a.jpg

ပူ‌တွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြပြီး‌ ရေစပ် ၊ မြစ် ၊ ချောင်း ၊ အိုင် စတဲ့ ရေရှိတဲ့ဒေသတိုင်းမှာ ပေါက်ဖွားမျိုးပွားနိုင် ကြပါတယ်။ ထမင်းစားဇွန်း တစ်ဇွန်းစာ ရေရှိရုံနဲ့တင် အလွယ်တကူ ပေါက်ဖွားနိုင်တဲ့ ခြင်မျိုးစိတ်တွေကြောင့် နှစ်စဉ် လူ‌ပေါင်း ခုနှစ်သိန်း ရှစ်သောင်းကျော် သေဆုံးနေရပါတယ်။ ကမ္ဘာပေါ်က အန္တာရာယ်အများဆုံး တိရစ္ဆာန်ထဲက နံပါတ် ၁ နေရာမှာ ရှိတဲ့ ခြင် မှာ လူ‌သိများပြီး အန္တာရာယ်အများဆုံးခြင်မျိုးစိတ်တွေကတော့ Anopheles ၊ Aedea နဲ့ Culex ခြင်မျိုးစိတ်တို့ပဲ ဖြစ်ပါတယ်။ ခြင်တွေဟာ တိရစ္ဆာန်တွေဆီက သွေးစုပ်ယူပြီး ရောဂါပိုးသယ်ဆောင်လာကာ လူတို့ကို ကူးစက်စေတဲ့နည်းနဲ့ နှစ်စဉ် လူပေါင်းများစွာရဲ့ အသက်ကို ခြွေယူနေလျက် ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/a0/a01e59d8f742dfada516117bcbeec5944f7ab9ec.jpg

လူသားတွေအတွက် ဘာကောင်းကျိုးမှ မရှိတဲ့ ခြင်မျိုးစိတ်တွေဟာ ဂေဟစနစ်အတွက်တော့ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ခြင်သားလောင်းတွေဟာ ငါးတို့အတွက် အစာအဖြစ်လည်းကောင်း ၊ အရွယ်ရောက်ပြီး ခြင်တွေဟာ လင်းနို့ နဲ့ ဖားတို့ရဲ့ အစာအဖြစ်လည်းကောင်း ဖြစ်တာကြောင့် ခြင်တွေမျိုးတုန်းသွားခြင်းကလည်း ဂေဟစနစ်အတွက် အဟန့်အတား အနည်းငယ် ဖြစ်စေနိုင်ပါတယ်။ ခြင်အထီးတွေဟာ သွေးမစုပ်တာကြောင့် ပျမ်းမျှအားဖြင့် ၆ ရက် ၊ တစ်ပတ်လောက်ပဲ ရှင်သန်နိုင်ကြပြီး သွေးစုပ်တဲ့ အမတွေကတော့ ၆ ပတ် မှ ၅ လကျော်အထိ ရှင်သန်နိုင်ကြပါတယ်။ ဒါကြောင့် ‌နှစ်စဉ် လူပေါင်း ၇၈၀၀၀ ကျော်တို့ရဲ့ အသက်ကို နှုတ်ယူတဲ့ ခြင်တွေဟာ ကမ္ဘာပေါ်က အန္တာရာယ်အများဆုံး တိရစ္ဆာန် ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/00/006006c06a64637487fe7c80638c79a07c1e9a5f.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T