မျိုးသုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ကမ္ဘာ့‌အသေးဆုံး ဆင်ပုမျိုးစိတ်

//s9.kh1.co/2f/2f7dc7ea9093e88d6c542e88b05e6402e12983ec.jpg
MPT

 ၁၁-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၂၁ ရက် က

မျိုးသုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ကမ္ဘာ့‌အသေးဆုံး ဆင်ပုမျိုးစိတ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၈သိန်းလောက်ထဲက ဥရောပကို ရောက်ရှိခဲ့တဲ့ Palaeoloxodon falconeri ဆင်မျိုးစိတ်ဟာ ကမ္ဘာပေါ်က အသေးငယ်ဆုံး ‌ဆင်ပုမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ပျမ်းမျှ အမြင့် ၁ မီတာ ( ၃ ပေ ) ဝန်းကျင်သာမြင့်တဲ့ ဒီဆင်ပုတွေဟာ Malta နဲ့ Sicily တို့မှာ ကျယ်ပြန့်စွာ နေထိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် Palaeoloxodon falconeri ဆင်ပုတွေဟာ ထူးခြားတဲ့ တဖြောင့်တည်းအစွယ်တွေကြောင့် လူသိများပါတယ်။ အရောင်အားဖြင့် မီးခိုးရောင် ၊ အညိုရင့်ရောင် ရှိတတ်ပြီး မြက်များ ၊ အရွက်များ ၊ ငှက်ပျောသီး နဲ့ ကြံတို့ကို စားသုံးကြပါတယ်။ ပျမ်းမျှအားဖြင့် ၁၅ နှစ်ဝန်းကျင်သာ ရှင်သန်နိုင်ပြီး မျိုးပွားမှုနှုန်း နှေးတဲ့ ဆင်မျိုးစိတ်တစ်မျိုးလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/f5/f5098f5588fc2728da46a53ac9e41f61a52cbf89.jpg

မွေးကင်းစ Palaeoloxodon falconeri ဆင်ပုတစ်ကောင်ရဲ့ ပျမ်းမျှ ကိုယ်အလေးချိန်မှာ ၇.၈ ကီလိုဂရမ် ( ၁၇ ပေါင် ) ရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်ထားပါတယ်။ အရွယ်ရောက်ပြီးတဲ့ ဆင်ပုအထီးတစ်ကောင်ရဲ့ ကိုယ်အလေးချိန်ကတော့ ပျမ်းမျှ ၅၅၁ ပေါင် နဲ့ ဆင်မတစ်ကောင်မှာ ၃၃၂ ပေါင် ဝန်းကျင် ရှိပါတယ်။ အခြားဆင်တွေထက် သွယ်လျတဲ့ ခြေချောင်းများပါရှိတာကြောင့် Palaeoloxodon falconeri ဆင်ပုတွေဟာ မညီညာဘဲ ကြမ်းတမ်းတဲ့ မြေနေရာတွေမှာတောင် ကောင်းစွာ သွားလာနိုင်ကြပါတယ်။ ဒါ့အပြင် အခြားဆင်မျိုးစိတ်တွေထက် ခန္ဓာကိုယ်အရွယ်အစား ပိုသေးတာကြောင့် အပူဆုံးရှုံးမှုပိုများတတ်ပြီး တည်ငြိမ်တဲ့ ခန္ဓာကိုယ်အပူချိန် ရရှိဖို့ ခန္ဓာကိုယ်မှာ အမွေးများ ပါရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/be/be10fa233a35a07b6e5d1472a0bbcab1a93f9453.jpg

Palaeoloxodon falconeri ဆင်အထီးများဟာ ကြီးမားဖြောင့်စင်းတဲ့ အစွယ်တွေ ပါရှိပေမယ့် ဆင်အမတွေကတော့ အစွယ် မပါကြပါဘူး။ Palaeoloxodon falconeri ဆင်ပုမျိုးစိတ်ဟာ လွန်ခဲ့တဲ့ ‌နှစ်ပေါင်း ၂၀၀၀၀၀၀ လောက်ထဲက စည်းကမ်းမဲ့ ဖမ်းဆီးမှု ၊ ကျက်စားရာနေရာဆုံးရှုံးမှု ၊ အမဲလိုက်ခံရမှု ၊ နဂိုထဲက မျိုးပွားမှုနည်း နည်းတာတွေကြောင့် စိတ်မကောင်းဖွယ် မျိုးသုန်းပျောက်ကွယ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဆင်ပုတွေရဲ့ ရုပ်ကြွင်းတွေကိုသာ တွေ့ရပါတော့တယ်။ Palaeoloxodon falconeri ဆင်ပုတို့မျိုးသုန်းခဲ့ရတဲ့ အကြောင်းအရင်းနောက်တစ်ခုကတော့ ထူးခြားနေတဲ့ သူတို့ရဲ့ အစွယ်တွေကြောင့် ပဲဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T