ဥရောပ က အလှဆုံးမြစ်တစ်စင်းဝင် Soca မြစ်

//s9.kh1.co/b7/b7f4ee6dc4f73f8d8c97503e58cdae8eba5a7a3d.jpg
MPT

 ၁၁-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂၁ ရက် က

ဥရောပ က အလှဆုံးမြစ်တစ်စင်းဝင် Soca မြစ်

စလိုဗေးနီးယား‌အနောက်မြောက်ပိုင်းရှိ Trenta တောင်ကြားမှာ တည်ရှိတဲ့ Soca မြစ်ဟာ အရှည် ၁၃၈ ကီမလိုမီတာ ရှည်ပြီး Adriatic ပင်လယ်ထဲကို စီးဝင်သွားပါတယ်။ ဒီမြစ်မှာ စိမ်းပြာရောင် ရေများကြောင့် ခရီးသွားတွေကြား လူသိများ ထင်ရှားပြီး မြမြစ် လို့လည်း ခေါ်ကြပါတယ်။ ဒါ့အပြင် မြစ်စီးဆင်းတဲ့တစ်လျှောက်မှာရှိတဲ့ ရေတံခွန်ငယ်တွေအထပ်ထပ် နဲ့ ကျဉ်းမြောင်း‌တဲ့ ကျောက်ဆောင်တွေ ၊ မြစိမ်းရောင်ရေ တို့ဟာ Soca မြစ်ကို ဥရောပက အလှဆုံးမြစ်တွေထဲက တစ်ခုလို့လည်း သတ်မှတ်ထားကြပါ‌တယ်။

https://s9.kh1.co/__image/w=650,h=342,q=100/1f/1f17fa0466c24e3e775c409896e80d1f7aa632d5.jpg

ကြည်လင်တဲ့ မြစိမ်းရောင်ရေဟာ ကယ်လ်စီယမ်ကာဗွန်နိတ်တွေ များစွာပါဝင်တာကြောင့် ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။ လှပတဲ့ ကျောက်စရစ်လေးတွေ များစွာရှိတဲ့ Soca မြစ်ရဲ့ ကမ်းစပ်ဟာ နွေရာသီမှာတော့ ခရီးသွားတွေရဲ့ အပန်းဖြေ နေရာလေးတစ်ခုပါပဲ။ ဇွန်လနဲ့ စက်တင်ဘာလအတွင်းဟာ စလိုဗေးနီးယားနိုင်ငံရဲ့ ခရီးသွားရာသီဖြစ်ပြီး ထိုကာလတွေမှာ Soca မြစ်အတွင်းမှာ ရေငုပ်ခြင်း နဲ့ အပျော်စီးလှေစီးခြင်း ၊ တောင်တက်ခြင်း တို့ ပြုလုပ်ကြပါတယ်။ ဒါ့အပြင် စိမ်းပြာရောင် ဖြစ်နေတဲ့ မြစ်ရေ နဲ့ ရင်သပ်ရှုမောဖွယ် ဘေးရှုခင်းတွေကြောင့် Soca မြစ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ နိ‌ဗ္ဗာန်ဘုံလေး တစ်ခု ဖြစ်လာပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/3f/3f8e1a3fc2bdc183bbf6a195fb09b226b6d18ce3.jpg

အသန့်စင်ဆုံးရေဟာ အရောင်မရှိပေမဲ့ အတိအကျခွဲခြမ်းစိတ်ဖြာမယ်ဆိုရင် အပြာရောင် အနည်းငယ်ပါတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် Soca မြစ်ဟာ ကမ္ဘာပေါ်က အသန့်ရှင်းဆုံးမြစ်တွေထဲက တစ်ခုဖြစ်ပြီး‌‌ သောက်သုံးနိုင်တဲ့အထိ pH level တစ်ခု ရှိပါတယ်။ ဒီလို ရင်သပ်ရှုမောဖွယ် ခရီးစဉ်များစွာ ပြုလုပ်နိုင်တဲ့ စလိုဗေးနီးယားနိုင်ငံရဲ့ အမွေအနှစ် Soca မြစ်ဟာ နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေရရှိမှုကို ကောင်းစွာ ထောက်ပံ့ပေးနေတဲ့ မြစ်တစ်စင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်ရမယ်ဆိုရင် ကမ္ဘာပေါ်က အသန့်ရှင်းဆုံး ၊အလှဆုံး မြစ်တစ်စင်းဝင်ဖြစ်တဲ့ Soca မြစ် ကို သွားဖူးအောင် သွားသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/80/80156d095108ea7a88ac9d5f0d9f9bfccfb3ba4a.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T