အချိန်ဟာ တန်ဖိုးအရှိဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့အချိန်တွေကို အလဿဟကုန်ဆုံးသွားစေနိုင်တဲ့ အလေ့အကျင့်တွေကတော့ လူတိုင်းကိုမလုပ်နိုင်တဲ့အရာတွေ ကတိပေးခြင်းဖြစ်ပါတယ်။ ငြင်းပယ်ဖို့အားနာတာကြောင့် လက်ခံလိုက်မိခြင်းဟာ ကိုယ့်ရဲ့အချိန်တွေကို အများကြီးကုန်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်မတတ်နိုင်တဲ့အရာတွေကို ကြိုတင်ငြင်းပယ်တတ်ခြင်းကလည်း အချိန်မဖြုန်းမိအောင်ကူညီပေးနိုင်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။

တစ်ခုခုကိုစတင်မလုပ်ရသေးဘဲ စိုးရိမ်ပူပန်နေခြင်းကလည်း အချိန်တွေကို ဒီအတိုင်းကုန်ဆုံးသွားစေနိုင်ပါတယ်။ ပြည့်စုံမှုကို အလွန်အကျွံမျှော်လင့်နေတာကလည်း အချိန်ကုန်ဆုံးစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဘယ်အရာမဆို တစ်ရာရာခိုင်နှုန်းပြည့်စုံသွားဖို့ဆိုတာ ခက်ခဲတတ်တာကြောင့် ပြည့်စုံမှုကိုစောင့်နေရင်းအချိန်တွေကုန်စေတာမကောင်းပါဘူး။

အလုပ်တစ်ခုကိုအာရုံစူးစိုက်ခြင်းမရှိဘဲ တစ်ပြိုင်တည်း သုံးလေးခုလုပ်ကိုင်နေတာကလည်းအာရုံလွင့်စေပြီိး မကောင်းတဲ့သက်ရောက်မှုတွေကိုပဲ ဖြစ်စေမှာဖြစ်ပါတယ်။ Multitasking လုပ်ခြင်းဟာ တစ်ခါတစ်လေအကျိုးရှိပေမဲ့ ပုံမှန်အားဖြင့် အချိန်ကိုအလဿဟကုန်ဆုံးသွားစေနိုင်တဲ့ အလေ့အကျင့်လည်းဖြစ်ပါတယ်။
