တောင်ကိုးရီးယားရဲ့နာမည်ကြီးအိုင်ဒေါအဖွဲ့ဖြစ်တဲ့ Twice ရဲ့အဖွဲ့ဝင် Chaeyoung ဟာ တစ်ကိုယ်တော်နာမည်ကြီးအဆိုတော်နှင့်တေးရေးဖြစ်တဲ့ Zion.T နှင့် တွဲနေကြပြီဖြစ်ကြောင်း သတင်းထွက်လာခဲ့ပါတယ်။ ဒီသတင်းကို X Portnews သတင်းဌာနကဖော်ထုတ်ခဲ့တာဖြစ်ပြီးတော့ Xportnews ဟာမကြာသေးခင်တုန်းကမှ Twice အဖွဲ့ဝင်ဂျီဟိုရဲ့ဒိတ်တင်းသတင်းကိုလည်း ထုတ်ပြန်ခဲ့တဲ့ သတင်းဌာနဖြစ်ပါတယ်။
သတင်းဌာနရဲ့ဖော်ပြချက်အရ နှစ်ယောက်သားက အသိတွေကနေတစ်ဆင့်ခင်မင်သွားတာဖြစ်ပြီးတော့ တွဲနေတာ ခြောက်လတောင်ကြာနေပြီဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ဆက်ဆံရေးကိုဖုံးကွယ်ထားတာမျိုးမလုပ်ဘဲ ဆိုးလ်မြို့ကနာမည်ကြီးနေရာတွေမှာ အတူသွားကြလေ့ရှိတယ်လို့လည်းသိရပါတယ်။ Zion.T ဟာ တောင်ကိုးရီးယားဂီတအသိုင်းအဝိုင်းမှာ လူတွေအသိအမှတ်ပြုလက်ခံထားတဲ့ ပရိုဂျုဆာတစ်ယောက်ဖြစ်တဲ့အပြင် ဖြစ်တဲ့သီချင်းများစွာကိုလည်း ထုတ်ဝေထားပါတယ်။
Chaeyoung ဟာ အခုမှ ၂၄ နှစ်ပဲရှိသေးတာကြောင့် နှစ်ယောက်သားရဲ့အသက်ကွာဟမှုဟာ ၁၀ နှစ်လောက်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် Zion.T ဟာ Chaeyoung ရဲ့ Ideal type ဖြစ်တယ်လို့နီးစပ်သူတွေကဆိုပါတယ်။ Chaeyoung ဟာအင်တာဗျုးတွေမှာ သူ့အနေနှင့်ပိန်ပါးပြီးတော့ အနုပညာအတွေးအခေါ်တွေအပြည့်ရှိနေတဲ့သူ သူ့ကိုသင်ပြပေးနိုင်မယ့်သူမျိုးကိုရွေးချယ်ချင်တယ်ဆိုပြီး ပြောခဲ့ဖူးတာဖြစ်ပါတယ်။