BTS ရဲ့နာမည်ကြီးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ J Hope ရဲ့အသစ်ထွက်ရှိလာတဲ့အယ်လ်ဘမ်အသစ် Hope On The Street ရဲ့ အရောင်းစာရင်းဟာ ပရိတ်သတ်တွေကို ထိတ်လန့်စေခဲ့ပါတယ်။ လက်ရှိအချိန် နာမည်အကြီးဆုံးအဖွဲ့ဖြစ်တဲ့ BTS ရဲ့အဖွဲ့ဝင်ဖြစ်ပေမဲ့ အယ်လ်ဘမ်အရောင်းစာရင်းဟာ အတော်လေးကိုနည်းပါးနေတာပါ။ ကြိုတင်မှာယူမှုဇယားတွေကိုကြည့်လိုက်တဲ့အခါမှာတော့ ၄၆၇၀၀၀ ပဲရှိနေပြီး အရင်အယ်လ်ဘမ်ထက်စာရင် မှာယူမှု ၇၀၀၀၀ ကျော်တောင်လျော့နည်းသွားတာဖြစ်ပါတယ်။
ကြိုတင်မှာယူမှုငါးရက်မြောက်နေ့မှာဆိုရင် လေးရာကျော်ပဲရှိခဲ့တာကြောင့် အရင်အယ်လ်ဘမ်တွေနှင့်ယှဥ်ရင် အတော်လေးနည်းပါးနေတာသိသာနေပါတယ်။ ကမ္ဘာ့အင်အားအတောင့်ဆုံးပရိတ်သတ်ကလပ်ကိုပိုင်ဆိုင်ထားတဲ့ BTS အဖွဲ့ဝင်တစ်ယောက်အနေနှင့် အခုလိုနည်းပါးတဲ့အယ်လ်ဘမ်အရောင်းစာရင်းဟာ အံ့ဩစရာကောင်းနေပါတယ်။
ဒါပေမဲ့ ဒီနည်းပါးမှုဟာ ပရိတ်သတ်တွေက တစ်မင်လုပ်ဆောင်ထားတဲ့အရာလည်းဖြစ်ပါတယ်။Hybe ဟာ လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး ပါလက်စတိုင်းကိစ္စမှာ ကုမ္မဏီကိုတောင်းဆိုမှုတွေလုပ်ခဲ့ပေမဲ့ ကုမ္မဏီဖက်ကနေ မလုပ်ပေးတာကြောင့် အခုလိုမျိုး Boycott လုပ်ဖို့ရွေးချယ်ခဲ့ကြတာလို့သိရပါတယ်။ J Hope ရဲ့ အခုအယ်လ်ဘမ်အပြင် တစ်ခြားအဖွဲ့တွေရဲ့ အယ်လ်ဘမ်တွေပါ မကြာခင်ထွက်လာမှာဖြစ်တာကြောင့် Boycott လုပ်မှုဟာဘယ်လောက်အထိဆက်သွားမလဲဆိုတာကို စောင့်ကြည့်နေရမှာဖြစ်ပါတယ်။