ငွေကြေးပိုင်းမှာ ကောင်းမွန်တဲ့စီမံခန့်ခွဲမှုတွေလုပ်နိုင်ဖို့နှင့် တည်ငြိမ်တဲ့အခြေအနေကိုပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကျင့်သုံးမှဖြစ်မယ့်နည်းလမ်းတွေရှိပါတယ်။ အရေးကြီးဆ့ဒးအချက်ကတော့ အကြွေးကင်းခြင်းပါ။ အကြွေးဟာတည်ငြိမ်တဲ့ငွေကြေးပိုင်ဆိုင်မှုကိုအမြဲခြိမ်းခြောက်နိုင်တာကြောင့် ဖြစ်နိုင်ရင် အကြွေးတင်တာကို ခွင့်မပြုသင့်ပါဘူး။ လိုချင်တဲ့အရာတွေရှိနေရင်တောင်မှ အကြွေးနှင့်ယူတာမျိုးမလုပ်ဘဲ ကိုယ်တိုင်ဝယ်နိုင်တဲ့အထိ စောင့်နိုင်ဖို့လိုအပ်ပါတယ်။

ဒါ့အပြင် ဝင်ငွေလမ်းကြောင်းတစ်ခုထဲအပေါ် မမှီခိုဘဲ တစ်ခြားဝင်ငွေလမ်းကြောင်းတွေအမြောက်အများရှိခြင်းကလည်း ကောင်းမွန်တဲ့အကျင့်ဖြစ်ပါတယ်။ ငွေကြေးနှင့်ပတ်သက်ပြီး ရေတိုရေရှည်အစီအစဥ်ရှိ ခြင်းကလည်း ကောင်းမွန်တဲ့အလေ့အထဖြစ်ပါတယ်။ ငွေစုဆောင်းတာအပြင် စုဆောင်းထားတဲ့ငွေတွေကို ဘယ်လိုတိုးပွားအောင်လုပ်ဆောင်မလဲဆိုတာကိုပါ ကြိုတင်စီစဥ် တွေးတောထားခြင်းဟာကောင်းမွန်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။

အမြဲတမ်းကြိုးစားနေပြီး အရည်အချင်းတွေကိုပိုတိုးတက်လာအောင်လုပ်နေခြင်းကလည်း အရေးကြီးပါတယ်။ ငွေရနိုင်စေမယ့်ကျွမ်းကျင်မှုအသစ်တွေ အရည်အချင်းအသစ်တွေကိုအမြဲလေ့လာနေဖို့လိုအပ်ပါတယ်။ ငွေကြေးနှင့်ပတ်သက်တဲ့စီမံခန့်ခွဲမှုတွေကို ကျွမ်းကျင်တဲ့လူတွေကနေတစ်ဆင့် အကြံဉာဏ်တောင်းတာ အကူအညီတောင်းတာမျိုးလုပ်သင့်ပါတယ်။
