ဂျပန်မီဒီယာတစ်ခုရဲ့ဖော်ပြချက်အရ Lesserafim အဖွဲ့ဝင် Kazuha ဟာ အိုင်ဒေါတစ်ယောက်နှင့်အတူဒိတ်နေကြောင်းသတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဂျပန်နိုင်ငံကနာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ အတူစားသောက်ကြတဲ့အပြင် ဒိတ်နေကြတာ အတော်လေးကြာနေပြီဖြစ်ကြောင်း သတင်းဌာနဖက်ကနေဖော်ပြခဲ့ပါတယ်။
တစ်ဖက်အိုင်ဒေါကတော့ Lesserafim အဖွဲ့နှင့်ကုမ္မဏီတူဖြစ်တဲ့ &team အဖွဲ့ဝင် K ဖြစ်ပါတယ်။ K နှင့် kazuha တို့ဟာ နှစ်ယောက်လုံးဂျပန်လူမျိုးတွေဖြစ်ကြပြီးတော့ လက်ရှိအချိန် အောင်မြင်တဲ့အိုင်ဒေါအဖွဲ့တွေဖြစ်နေတာကြောင့် ဒီသတင်းဟာ ပရိတ်သတ်တွေကိုထိတ်လန့်စေခဲ့ပါတယ်။ Hybe ဖက်ကနေတော့ နှစ်ယောက်သားဟာ သူငယ်ချင်းတွေသာဖြစ်ပြီးတော့ ချစ်သူတွေမဟုတ်ကြောင်း ဖြေရှင်းချက်ထုတ်ထားပါတယ်။
ဒါပေမဲ့ ဂျပန်မီဒီယာဖက်ကနေပြီး သူတို့နှစ်ယောက်ဟာ ၂၀၂၂ ကတည်းကတွဲနေကြတာဖြစ်ပြီး ကုမ္မဏီရဲ့သတိပေးမှုကြောင့် လမ်းခွဲလိုက်ပေမဲ့ အခုနောက်ပိုင်းမှာ ပြန်တွဲနေကြတာဖြစ်ကြောင်း ပြောထားပါတယ်။ နှစ်ယောက်သားဟာ ဒီစားသောက်ဆိုင်အပြင် တစ်ခြားနေရာတွေမှာပါ ဒိတ်လုပ်ခဲ့ကြတယ်လို့ပြောထားပါတယ်။