အစုလိုက်အပြုံလိုက်ပေါက်ပြီး လူသိနည်းတဲ့ အဆိပ်ပြင်းပေါင်းပင်မျိုးစိတ်

//s9.kh1.co/9e/9ed1824ecc910aa37a3d714c25a71ffd30ef8550.jpg
MPT

 ၂၉-မတ်-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်လ က

အစုလိုက်အပြုံလိုက်ပေါက်ပြီး လူသိနည်းတဲ့ အဆိပ်ပြင်းပေါင်းပင်မျိုးစိတ်

ဆူးပန်းပင်လို့ ခေါ်ကြတဲ့ Datura stramonium သည် Solanaceae မျိုးစိတ်ရဲ့ အဆိပ်ရှိသော ပန်းပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ အမေရိကအလယ်ပိုင်းမှာ စတင်တွေ့ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ သမပိုင်းရာသီဥတု နဲ့ အပူပိုင်းရာသီဥတုတို့မှာ ကျယ်ပြန့်စွာ တွေ့ရပါတယ်။ ပေါင်းပင်တစ်မျိုးဖြစ်ပြီး မွှေးပျံ့သော အနံ့ရှိပေမဲ့

လူတို့ အဆိပ်မိပါက မူးမေ့ခြင်း ၊ အပူလွန်ကဲခြင်း ၊ နှလုံးခုန်နှုန်းမြန်ဆန်ခြင်း ၊ ဆီးမထိန်းနိုင်ခြင်း ၊ သွေးကြောပေါက်ပြီး မျက်လုံးသူငယ်အိမ်ကျယ်လာခြင်း ၊ ပျို့အန်ခြင်း တို့ ဖြစ်လာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ef/efae3702c913c1cf015baa6d2869afbce84c6334.jpg

အမြင့် ၆၀ မှ ၁၅၀ စင်တီမီတာ ( ၂ ပေ မှ ၅ ပေ ) အထိကြီးထွားပြီး ချုံပုတ်များကဲ့သို့ အစုလိုက်အပြုံလိုက် ပေါက်ရောက်ကြပါတယ်။ အမြစ်သည် အဖြူရောင်အမျှင်များနဲ့ ရှည်လျားပြီး ထူထပ်ကာ ပင်စည်မှာ အကိုင်းအခက်များအဖြစ် အထပ်ထပ်ခွဲထွက်နေပါတယ်။ ၈ မှ ၂၀ စင်တီမီတာ ( ၃ - ၈ လက်မ ) ရှိသော အရွက်များသည် ခါးသော အရသာရှိပြီး ဆေးဖက်ဝင်အဖြစ်လည်း ‌‌သုံးတတ်ကြပါသေးတယ်။ ဆောင်းရာသီမှာ အပွင့်ကြွေ သေဆုံးကြပြီး ကျန်ရာသီများမှာ ‌ကျယ်ပြန့်စွာ ပွင့်တဲ့ Datura stramonium တို့ဟာ သူတို့ရဲ့အပွင့် ထက် အစေ့က ပိုပြီး အဆပ်ရှိ အဆိပ်ပြင်းပါတယ်တဲ့။

https://s9.kh1.co/__image/w=650,h=342,q=100/a7/a7275b8fea2c945b635808f140e762bf9bf335a9.jpg

အရွက်အ‌ပေါ်မျက်နှာပြင်မှာ အစိမ်းရင့်ရောင် နဲ့ အောက်ဘက်က အစိမ်းဖျော့ဖျော့တို့ရှိပြီး အချွန်အထက်တွေနဲ့ ဘဲဥပုံအစေ့ဟာ ထိမိတာနဲ့ လူနှင့်တိရစ္ဆာန်များကို အဆိပ်သင့်စေပြီး သေဆုံးတဲ့ထိ ဖြစ်စေပါတယ်။ မြက်ပင် ၊ မြက်ခြောက် ၊ စပါးတို့ နဲ့ ရောပြီး ပေါက်ရောက်တတ်တာမို့ တိရစ္ဆာန်များ စားမိကာ အဆိပ်မိတာပဲ ဖြစ်ပါတယ်။ လူများအတွက်သာမက တိရစ္ဆာန်များအတွက်ပါ အဆိပ်သင့်စေတာကြောင့် ဖျက်စီးသင့်တဲ့ ပေါင်းပင်မျိုးစိတ်ပဲ ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T