လူ‌သိနည်းတဲ့ Nerium oleander ပန်းတို့ရဲ့ အဆိပ်

//s9.kh1.co/30/30a12984bb58833a724526f1504c09ca9424d22c.jpg
MPT

 ၂၇-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၁ ရက် က

လူ‌သိနည်းတဲ့ Nerium oleander ပန်းတို့ရဲ့ အဆိပ်

Nerium oleander ပန်းပင်လေးတွေကို နှင်းဆီဘေ လို့ လူသိများပြီး ကမ္ဘာတစ်ဝှမ်းက သမပိုင်း နဲ့ အပူပိုင်းဒေသတို့မှာ ကျယ်ပြန့်စွာ စိုက်ပျိုးလျက် ရှိပါတယ်။ ပင်စည်ကြီးတစ်ခုမှ ခွဲထွက်နေတဲ့ အကိုင်းအခတ်များနဲ့ အပင်ငယ်စုများအဖြစ် ဖွဲ့စည်းထားပြီး ချုံပင်လို အစုလိုက်အပြုံလိုက် ပေါက်‌တဲ့ ပန်းပင်မျိုးစိတ်လေးတစ်မျိုးပဲ ဖြစ်ပါတယ်။ မိုးခေါင်ခြင်းဖြစ်စေ ၊ ရေနစ်မြုပ်ခြင်းဖြစ်စေ ခံနိုင်ရည်ရှိတဲ့ အကြမ်းခံ အပင်မျိုးဖြစ်ပြီး အများအားဖြင့် ၇ ပေ မှ ပေ ၂၀ အထိ အမြင့်ရှိကြပါတယ်။ အစိမ်းရောင် အရွက်ရှည်များရဲ့ ထိပ်မှာ အဖြူရောင် ၊ အနီရောင် ၊ ပန်းရောင် စသဖြင့် အရောင်အမျိုးမျိုးသော ပန်းလေးများ ပွင့်ကြပြီး အပင်အပြည့် ပွင့်တဲ့အခါ အတော်ကို ကြည့်လှတဲ့ ပန်းပင်လေးပါပဲ။ 

https://s9.kh1.co/__image/w=650,h=342,q=100/ea/ea1f70b2476026d6c40a2a158dcce04903e12bb8.jpg

ဒီလို လှပတဲ့ ပန်းပင်ကြီးမှာ ပြင်းထန်တဲ့ အဆိပ်ဓာတ် ပါရှိတာ အထူးအဆန်းတစ်ခုပဲ ဖြစ်ပါတယ်။ လူသားတွေ စားသုံးမြည်းကြည့်တာတော့ မရှိတဲ့အတွက် လူသားနဲ့ အချို့ တိရ‌စ္ဆာန်တို့ကိုတော့ အန္တာရာယ် မဖြစ်စေပါဘူး။ ခုခံအားနည်းနေတဲ့ အချိန်မှာ Nerium ပန်းကို ပမာဏ များများ စားမိမယ်ဆိုရင်တော့ ပျို့အန်ခြင်း ၊ တံတွေးဂလင်းများ အများအပြားထွက်ခြင်း ၊ ဗိုက်နာခြင်း ၊ သွေးထွက်လွန် ဝမ်းလျှောခြင်း ၊ နှလုံးခုန် မမှန်ခြင်း တို့ ဖြစ်နိုင်ပြီး Nerium ပန်းက ထွက်တဲ့ ဝတ်ရည်ကို ထိမိတာဟာ အရေပြားယားယံခြင်း ၊ မျက်လုံးရောင်ရမ်းခြင်း နဲ့ ‌အရေပြားရောင်ရမ်းခြင်း တို့‌ ဖြစ်စေပါတယ်။ လှပေမဲ့ အဆိပ်ပြင်းတဲ့ ချစ်စရာ အပင်မျိုးစိတ် တစ်ခုပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/42/42afe14672ed0c130b5b61260804bdda7b930696.jpg

ပြင်းထန်တဲ့ ဆောင်းရာသီ နဲ့ နွေရာသီတို့မှာ အပင် ပျက်စီး သေဆုံးတတ်ပေမဲ့ အပူအအေး မျှတပြီး ရေလုံလုံလောက်လောက် ရရှိတဲ့ အချိန်တွေမှာ အမြစ်များ ပြန်လည်ရှင်သန်ပြီး အကောင်းဆုံး ပြန်လည် ပွင့်လန်းကြတဲ့ လွယ်လွယ် ဇွဲမလျော့ဘဲ အရှုံးမပေးတဲ့ အပင်မျိုးစိတ်လည်း ဖြစ်ပါတယ်။ Nerium တို့ရဲ့အ‌ဆိပ်ဟာ အပင် နဲ့ အချို့ တိရစ္ဆာန်ငယ် တွေကို သေဆုံးနိုင်ပေမဲ့ လူသားတို့အတွက် ကြီးမားတဲ့ အန္တာရာယ် မရှိတာကြောင့် ခြံ ၊ လမ်း အလှဆင်အပင် အဖြစ် လက်ရှိမှာ ကျယ်ပြန့်စွာ စိုက်ပျိုးထားလျက် ရှိပါတယ်။ ဒါကြောင့် Nerium oleander အပင်တွေကို တွေ့တဲ့အခါ သွား မနမ်းမိဖို့ နဲ့ သူတို့ရဲ့ အပွင့်က ဝတ်ရည်ကို သွားမထိမိဖို့ အထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/c9/c916d94bfd31452775e102ab0e12be9c8d59bb6f.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T