ကမ္ဘာ‌‌ပေါ်ကအသေအပျောက်အများဆုံး ရေကန် ၄ ခု

//s9.kh1.co/73/7337a8d5dc37815f08cc85a3cc9d72227fb5d6c7.jpg
MPT

 ၂၇-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၁ ရက် က

ကမ္ဘာပေါ်က အသေအပျောက်အများဆုံး ရေကန် ၄ ခု

၁။ Lake Nyos ၊ အာဖရိက 

ကမ္ဘာပေါ်က အန္တာရာယ်အရှိဆုံး မီးတောင်အိုင်ထဲက တစ်ခု ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပါဝင်မှု အလွန်များတာကြောင့် ရေကန်ရဲ့ အငွေ့ကို ရှုမိတာနဲ့တင် အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။ မီး‌တောင်ပေါက်ကွဲမှုကြောင့် Lake Nyos မှ ရေများ ဆူပွက်ကျလာပြီး ကန်အနီးရှိ ရွာတွင် နေထိုင်သူ ၁၇၄၆ ဦး နဲ့ တိရစ္ဆာန်အများအပြား သေဆုံးခဲ့ရဖူးပါတယ်။ ဒါကြောင့် Lake Nyos ဟာ ကမ္ဘာပေါ်က အသေအပျောက်အများဆုံး ရေကန်တစ်ခု ဖြစ်လာပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/20/207c6cefe490d840e805e055cae93f9580c8c0ee.jpg

၂။ Boiling lake ၊ Dominica 
နာမည်နဲ့ လိုက်အောင် မှည့်ထားတဲ့ Boiling lake ကတော့ ကမ္ဘာပေါ်က အသေအပျောက်အများဆုံး ရေကန်တစ်ခုဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။ မီးတောင်ဝမှာ ဖြစ်ပေါ်နေတဲ့ ဒီရေကန်ဟာ အမြဲတစေ ရေရဲ့အပူချိန်မှာ 92°C ရှိ‌ပါတယ်။ ‌ဆူပွတ်ရေကန်မှာ ရေကူးမယ်ဆိုရင်တော့ အရှင်လတ်လတ် ပြုတ်ပြီးသား ဖြစ်သွားမှာကြောင့် ရေကူးဖို့ကိုလည်း အပြင်းအထန် တားမြစ်ထားကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/7e/7e4723ed2799e1025172c2240eb04345ee18bc4e.jpg

၃။ ဒယ်အိုးအိုင် ၊ နယူးဇီလန် 
ဒယ်အိုးအိုင်ကတော့ Devils Blowhole လို့တောင် ‌တင်စားခေါ်ဝေါ်ကြပြီး အလွန်ပူပြင်းလို့ အနားတောင် မကပ်နိုင်တဲ့ ရေပူစမ်းတစ်ခုပဲ ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး အပူချိန် ၄၅ မှ ၅၅ ဒီဂရီစင်တီဂရိတ် ကြားရှိပြီး ရေကန်မှာ ၃၈၀၀၀ စတုရန်းကီလိုမီတာကျော် ကျယ်ဝန်းပါတယ်။ ရေကန်မှာ ‌ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တို့ ကြွယ်ဝစွာ ပါဝင်ပြီး ရေကန်အနက် ၅.၅ မီတာ ရှိတာကြောင့် ဒီ ဒယ်အိုးအိုင်ထဲ ကျသွားရင်တော့ အသက်ရှင်ဖို့မလွယ်တော့ပါဘူး။ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ဖူးတာမို့ ဒယ်အိုးအိုင်ဟာ ကမ္ဘာပေါ်က အသေအပျောက်အများဆုံး ရေကန်တစ်ခု ဖြစ်လာပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/12/12e9d1ccf49f23dc70afadb61081f6d87683c667.jpg

၄။ Karachey အိုင် ၊ ရုရှား
Karachey အိုင်ကတော့ ကမ္ဘာပေါ်က အညစ်ညမ်းဆုံး ရေကန်ထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ‌နူကလီးယားအမှိုက်ပုံးအဖြစ် ၁၂ နှစ်ကြာ အသုံးပြုခဲ့တဲ့ ဒီရေကန်ဟာ အဆိပ်သင့်ပြီး သေစေနိုင်တဲ့ ရေဒီယို သတ္တုကြွစွန့်ပစ်ပစ္စည်း များစွာ ပါဝင်နေပါတယ်။ နက်‌ပြာရောင် ရေ နဲ့ Karachey ‌အိုင်ရဲ့ ဓာတ်ရောင်ခြည်ဟာ တစ်ခါတစ်ရံ ရေကန်အနီးနားက လူတွေကို မိနစ် ၃၀ အတွင်း သေစေနိုင်လောက်အောင် ပြင်းထန်ပါတယ်။ ‌ဒါကြောင့် Karachey အိုင်ဟာ ကမ္ဘာပေါ်က အသေအပျောက်အများဆုံး ရေကန်တစ်ခု ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/7c/7c67c7b43c96be122cb97863f31d27d6a3d99221.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T