ဥရောပငါးဖမ်းစင်ရော်
ဒီစင်ရော်တွေဟာ လူတွေရဲ့အစာတွေကိုခိုးယူတာနှင့် အုပ်စုဖွဲ့တိုက်ခိုက်တတ်တာအတွက် နာမည်ကြီးကြတဲ့ မျိုးစိတ်တွေဖြစ်ပါတယ်။ ရှည်လျားတဲ့တောင်ပံနှင့် ဓားလိုမျိုးချွန်ထက်တဲ့ နှုတ်သီးရှိကြတဲ့ ဒီစင်ရော်တွေဟာ တစ်ကောင်အတိုက်ခိုက်ခံရတာနှင့်တစ်ခြားအကောင်တွေပါရောက်လာပြီး ဝိုင်းတိုက်ခိုက်တတ်ကြတဲ့ငှက်တွေပါ။ တိုက်ခိုက်ခံရသူကို ပြင်းထန်တဲ့ဒဏ်ရာတွေတော့မရစေနိုင်ပါဘူး။
အမောက်ထောင်ငှက်ကုလားအုတ်
ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးဖြစ်တဲ့ ဒီငှက်ကုလားအုတ်တွေဟာလည်းပဲ ကြောက်စရာကောင်းလွန်းတဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။ ၁.၂ မီတာလောက်မြင့်တဲ့ ဒီငှက်ကုလားအုတ်တွေဟာ ဓားသွားလိုမျိုးချွန်ထက်တဲ့ခြေသည်းတွေရှိပြီးတော့ ရန်သူကိုကန်ချက်တစ်ချက်နှင့်တင် အသက်ပျောက်သွားအောင်လုပ်နိုင်ပါတယ်။
ဩစတေးလျငှက်ဆိုး
ဩစတေးလျရဲ့အန္တာရာယ်အများဆုံးငှက်စာရင်းမှာ ပါဝင်တဲ့ဒီငှက်ဆိုးတွေဟာ အသိုက်ဖွဲ့ချိန်နှင့် ဥပေါက်ချိန်တွေမှာ အတော်လေး အကဲဆတ်တဲ့အကျင့်ရှိကြပါတယ်။ သူတို့ဟာတစ်ဖက်ရန်သူရဲ့ မျက်လုံးလိုမျိုးနူးညံ့တဲ့အစိတ်အပိုင်းတွေကိုပဲရွေးချယ်တိုက်ခိုက်လေ့ရှိကြတဲ့ ငှက်တွေဖြစ်ပါတယ်။
နှင်းဇီးကွက်
ဇီးကွက်မျိုးစိတ်တွေထဲမှာ အလှဆုံးလို့သတ်မှတ်ထားကြတဲ့ နှင်းဇီးကွက်တွေဟာလည်းပဲ အသွင်အပြင်လှပေမဲ့ ကြောက်စရာလည်းကောင်းတဲ့ငှက်တွေဖြစ်ပါတယ်။ သူတို့ဟာ ချွန်ထက်နေတဲ့ခြေသည်းတွေနှင့် တစ်ဖက်ရန်သူရဲ့ခေါင်းနှင့်မျက်လုံးတွေကိုအဓိကထားတိုက်ခိုက်တတ်ကြပါတယ်။