အသစ်ရှာဖွေတွေ့ထားတဲ့ လင်းနို့မျိုးစိတ်သစ်နှစ်မျိုး

//s9.kh1.co/fb/fbf50e2fee97dc7b7383cb8e74abb4ae158a50ab.jpg
MPT

 ၂၇-မတ်-၂၀၂၄ ၉am · လွန်ခဲ့သော တစ်လ က

အသစ်ရှာဖွေတွေ့ထားတဲ့ လင်းနို့ုးစိတ်သစ်နှစ်မျိုး

တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသမှာရှိတဲ့ သစ်တောအုပ်တွေအတွင်းမှာ အရင်ကမှတ်တမ်းတွေထဲမပါဝင်တဲ့ လင်းနို့မျိုးစိတ်အသစ်နှစ်မျိုးကိုတွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီလင်းနို့မျိုးစိတ်တွေဟာ လျင်မြန်လွန်းပြီးလူကြောက်တတ်တာကြောင့် လက်ရှိအချိန်မှာတော့ နှစ်မျိုးပဲမှတ်တမ်းတင်ထားနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=561,q=100/e8/e8b7cb9b836d6db6e5aaed7907eca74013cfaa6a.jpg

ပထမမျိုးစိတ်ကတော့ Cynomops freemani လို့ခေါ်ပြီးတော့ လင်းနို့တွေအကြောင်းကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်တစ်ယောက်နာမည်ကိုအစွဲပြုပြီးပေးထားတာဖြစ်ပါတယ်။ ပနားမားတူးမြောင်းဒေသတစ်ဝိုက်မှာတွေ့ခဲ့တဲ့ ဒီလင်းနို့ငယ်လေးဟာ ၄ စင်တီမီတာအရွယ်အစားရှိပြီးတော့ နီညိုရောင်နှင့်အညိုရောင်တွေရှိပါတယ်။

https://s9.kh1.co/__image/w=570,h=570,q=100/99/9977e40d5105793bab8aa791fcbb6c56bdb6d526.jpg

ဒုတိယမျိုးစိတ်ကတော့ Cynomops tonkigui လို့ခေါ်ပြီးတော့ အီကွေဒေါနှင့် ကိုလံဘီယာအရှေ့ဖက်ကတောအုပ်တွေမှာတွေ့ရပါတယ်။ ဒီလင်းနို့မျိုးစိတ်ဟာလည်း အရွယ်အစားအတူတူပဲဖြစ်ပြီးတော့ အရောင်ကတော့ သစ်ကြံ့ပိုးခေါက်ရောင်ရှိနေတာများပါတယ်။ ဒီမျိုးစိတ်အသစ်တွေကို အသံပိုင်းဆိုင်ရာမျိုးရိုးဗီဇစစ်ဆေးမှုတွေကနေရှာတွေ့ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/a5/a575f78822255238069716687104fd94da59ca93.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T